Sunday, January 5, 2014

မြန်မာညီအကိုတစ်စုရဲ့ အလှူ သာဓုခေါ်စေသော်။

၂၀၁၄ ခု ဇန်န၀ါရီ ၅ ရက် တနင်္ဂနွေနေ့ နံနက် ၁၁ နာရီအချိန် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် မြန်မာညီအကို တစ်စုက ဗုဒ္ဓမြတ်စွာဘုရားကို အမှူးထားပြီး ပင့်သံဃာတော်များဖြစ်ကြသော ဦးသုဝဏ္ဏ ( သန္တိကရ၀ိဟာရကျောင်း၊ အန်ဆန်)၊ ဦးဝေဠု ( စိတ္တသုခကျောင်း၊ ဒဲဂု)၊ ဦးက၀ိသာရ (ဓမ္မဒူတ (ကိုရီးယားကျောင်းတော်)တို့အား ဆွမ်းဘောဇဉ် ခဲဘွယ်တို့ကို ဆက်ကပ်ပြီး ကြွရောက်လာသော ဧည့်ပရိသတ်များကို ဒံပေါက် ထမင်းတို့ဖြင့် ဧည့်ခံကြပါသည်။ ဆက်လက်ပြီး ဓမ္မခန်းမဆောင်၌ ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအကို တစ်စုက မြန်မာပိုင်ကျောင်းတော်ဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ ၅ သိန်းဝမ်၊ ထမင်းပေါင်းအိုးကြီး တစ်လုံး၊ ကိုရီးယားနိုင်ငံတွင် မြန်မာ့ ယဉ်ကျေးမှု လက်ရာတို့ဖြင့် တည်ထားမည့် ငြိမ်းချမ်းအေးရွှေစေတီအတွက် စေတီတော် တစ်ဆူနှင့် မြေတော်အတွက် အလှူတော်ငွေ ၂သိန်း ၁သောင်း ၀မ်းတို့ကို လှူဒါန်းပြီး ရေစက်ချ အမျှပေးဝေကြပါတယ်။ နတ်လူ သာဓု ခေါ်စေသော်။

No comments: