Sunday, January 5, 2014

ကိုတင်အောင်လွင်အား မြန်မာ ဆရာတော်များက အားပေးစကားပြောကြား

 
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၄ ရက် စနေနေ့၊ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ ညနေ ၆ နာရီခွဲ အချိန် အင်ချွန်း အွိလယိုဝါန်တွင် ခါးရိုး ခွဲစိတ် ကုသနေသော ကိုတင်အောင်လွင်အား ဦးသုဝဏ္ဏ ( သန္တိကရ၀ီဟာရကျောင်း )၊ ဦးက၀ိသာရ ( ဓမ္မဒူတ (ကိုရီးယားကျောင်းတော်)၊ ဦးဝေဠု ( စိတ္တသုခ (ဒဲဂု))တို့က ကိုတင်အောင်လွင်ထံ ကြွရောက်ပြီး ရတနာ သုံးပါးနဲ့ မိဘ၊ ဆရာသမားများကို ဦးထိပ်ထား မမေ့ဘို့၊ မေတ္တာတရား ရှေ့ထားပြီး လုပ်ကိုင်ဆောင်ရွက်ပေးဘို့၊ ကူညီကြသူအားလုံးကိုလည်း မေတ္တာများ ပို့သပေးဘို့ကို ဟောကြားပေးပါတယ်။ ဦးခင်မောင်ရင် (ဥက္ကဌ၊ မြန်မာအသင်း (ကိုရီးယား)၊ မမေသူညို (အလုပ်သမား ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ)တို့ကလည်း ဆရာတော်များနှင့်အတူ သွားရောက် အားပေးစကားများ ပြောကြပါတယ်။
ကိုတင်အောင်လွင်ရဲ့ ဆေးကုသစရိတ်အတွက် မြန်မာအသင်း (ကိုရီးယား)၊ မြန်မာ ဘုန်းတော်ကြီးများနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံ တိုင်းရင်းသားများက တတ်နိုင်သည့်ဘက်များက ကူညီနေကြောင်း သိရပါတယ်။

No comments: