Sunday, May 12, 2013

စုပေါင်းဆောင်ရွက် လူမှုဗေဒ သင်တန်း မေ ၂၆ စမယ်


ဘူဖျောင်းမြို့ မြန်မာစင်တာတွင်“စုပေါင်းဆောင်ရွက် လူမှုဗေဒ” (Community Organization) နှင့် ပတ်သက်၍ ဆွေးနွေး ပို့ချ လေ့ကျင့်ပေးမည့် သင်တန်းကို မေလ ၂၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။ သင်တန်းတက်မည့်သူ အများစု၏ အချိန်အဆင်ပြေစေရန် တနင်္ဂနွေနေ့တိုင်း ညနေ ၅ နာရီမှ ၇ နာရီအထိ သင်တန်းချိန် ၁၀ ကြိမ် ဖြစ်သည်။

ဤသင်တန်းက

- ပရဟိတ အလုပ် စိတ်ဝင်စားသူ၊ ရပ်ကျိုးရွာကျိုး သယ်ပိုးချင်သူ၊ လူအများနှင့် လက်တွဲလုပ်ဆောင်ချင်သူများ အတွက် လက်တွေ့ကျကျ အထောက်အကူပြုမည်။
- အန်ဂျီအိုအဖွဲ့အစည်း လုပ်ချင်သူ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်သူများအတွက် သဘောတရားဆိုင်ရာ အထောက်အကူပြုမည်။
- အသင်းအဖွဲ့ တခုခုတွင် ပါဝင်လုပ်ဆောင်နေသူများ အတွက် လေ့လာရန် သင့်တော်သည်။
- ၀ါရင့် ကိုရီးယား ဆရာများက သင်ကြားမည် ဖြစ်ပြီး၊ ကျွမ်းကျင်သူများက ဘာသာပြန်ပေးမည်။

တက်ရောက်လိုသူများ မေလ ၁၉ ရက်နေ့တွင် မွန်းတည့် ၁၂ မှ ညနေ ၄ နာရီအတွင်း လူကိုယ်တိုင် လာရောက် စာရင်းပေးသွင်း အင်တာဗျူးရန် အသိပေး ဖိတ်ကြားအပ်ပါသည်။

လေးစားလျက်

No comments: