ဘူဖျောင်းမြို့ မြန်မာစင်တာတွင်“မီဒီယာသင်တန်း” ဖွင့်လှစ်ရန် သင်တန်းတက်လိုသူများ လက်ခံလျက်ရှိရာ လာမည့် တနင်္ဂနွေနေ့ (မေလ ၂၆)တွင် နောက်ဆုံးနေ့အဖြစ် ကျန်နေသေးသည့် နေရာ ၂ နေရာစာအတွက် လာရောက် စုံစမ်းနိုင်ပါသေးသည်။
ဇွန်လ ၂ ရက်နေ့မှ စ၍ နိုဝင်ဘာလထိ စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးမည့် မီဒီယာသင်တန်းကို အင်ချွန်း ရွေ့ပြောင်းအလုပ်သမား ရိပ်သာ၊ အင်ချွန်း နိုင်ငံခြားသား မီဒီယာ သင်ကြားရေး အဖွဲ့ တို့နှင့် မြန်မာစင်တာ ပူးပေါင်း ဖွင့်လှစ်ခြင်း ဖြစ်သည်။
သင်တန်းတွင်-
က) ရုပ်သံ ကင်မရာ ကိုင်တွယ် ရိုက်ကူးခြင်း
ခ) ကွန်ပျူတာပေါ်တွင် ရုပ်သံ တည်းဖြတ်ခြင်း
ဂ) ရုပ်သံ သတင်းနှင့် မှတ်တမ်း၊ ဇာတ်လမ်း ရိုက်ကူးတည်းဖြတ်ခြင်း
ဃ) သတင်းပညာနှင့် မတတ်မဖြစ် နည်းစနစ်များ
င) မီဒီယာ ဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးများ
စ) ဖြန့်ချိရေး နည်းနာများ၊ ပိုက်ဆံဖြစ်အောင် လုပ်ကိုင်ခြင်း နှင့်
ဆ) ပြည်သူသတင်းသမားကောင်း တယောက်ဖြစ်လာအောင် လေ့ကျင့် သင်ကြားပေးမည်။
သင်တန်း တက်လိုသူများ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအတွင်း လူကိုယ်တိုင် လာရောက် အင်တာဗျူး၍ စာရင်းပေးသွင်းပါ။
သင်တန်းသား ၁၀ ဦး တိတိသာ လက်ခံပါမည်။
Friday, May 24, 2013
မီဒီယာသင်တန်း ဇွန်လ ၂ ရက်နေ့ စမယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment