ရေးသားသူ — ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)
၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်၊ တနင်္ဂနွေနေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊ 소사구청ခန်းမ၌ နေ့လည် (၁၂း၃၀)နာရီမှ (၁၆း၀၀)နာရီအထိ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ကျင်းပမည်ဖြစ်ပါသည်။
ဆုချီးမြှင့်သည့် အခမ်းအနားတွင် စိတ်ဝင်စားဖွယ် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ
အထူးအစီအစဉ်အဖြစ် …..
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားသို့ ကြွရောက်ကြပါရန်
ကိုရီးယားရောက် မြန်မာနိုင်ငံသားများအားလုံးကို ဖိတ်ကြားခြင်း
ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)သည် မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကို ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသော လူမှုရေး သူရဲကောင်းများ၊ အဖွဲ့အစည်းများကို ပြည်ပ ရောက် မြန်မာတိုင်းရင်းသား မိသားစုများ၏ စုစည်းညီညွှတ်မှုဖြင့် လူသိရှင်ကြား တရားဝင်အခမ်းအနား များကျင်းပကာ ဖော်ထုတ်ဂုဏ်ပြုသွားရန်ဟူသော လုပ်ငန်းစဉ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့လုပ် ကိုင်ဆောင်ရွက်လျက် ရှိနေပါသည်။
မြန်မာနိုင်ငံတွင် လူမှုဒုက္ခများကင်းဝေး၍ သာယာသော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ပေါ်ထွန်းလာစေ ရေးဟူသည့် ပန်းတိုင်သို့ ချီတက်ရန်အတွက် တစ်ဦး တစ်ယောက်ချင်း၊ အဖွဲ့အစည်းအလိုက် စုပေါင်းလုပ် ဆောင်ကြသည့် ပြည်သူ့ဂုဏ်ဆောင် လူမှုရေးသူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုခဲ့သည်မှာ စတုတ္ထ အကြိမ်မြောက်သို့ ရောက်ရှိလာပါပြီ။
၂၀၁၃ ခုနှစ်၊ မေလ (၂၆)ရက်၊ တနင်္ဂနွေနေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊
소사구청ခန်းမ၌ နေ့လည် (၁၂း၃၀)နာရီမှ (၁၆း၀၀)နာရီအထိ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ကျင်းပမည်ဖြစ်ပါသည်။ ဆုချီးမြှင့်သည့် အခမ်းအနားတွင် စိတ်ဝင်စားဖွယ်
ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ
အထူးအစီအစဉ်အဖြစ် …..
- ဒေါ်ဆွေဇင်ထိုက် (ရုပ်ရှင်သရုပ်ဆောင်၊ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက် နေသူ)
- ဦးဂျင်မီ ( ၈၈ကျောင်းသားခေါင်းဆောင်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
- ဦးသံခဲ ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)
- ဦးအောင်မိုးဇော် ( လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
…… တို့ပါဝင် ဆွေးနွေးကြမည့် TALK SHOW ။
အခမ်းအနားမစတင်မှီ နံနက် (၁၁း၀၀)နာရီမှ နေ့လည် (၁၂း၁၅)နာရီအထိ မြန်မာ့ရိုးရာ အုန်းနို့ခေါက် ဆွဲ ဖြင့် တည်ခင်းဧည့်ခံပါမည်။ ထို့ကြောင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံးမှ ၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားသို့ ကြွရောက် ဂုဏ်ပြုချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
ဆက်သွယ်ရန်
ကိုဝင်းမြင့်ဦး- (011-292-9542)၊ ကိုခင်မောင်ရင်- (010-2788-7153)၊
ကိုသန့်စင်အောင်- (010-9054-4727)၊ ကိုဝင်းနိုင်ဦး- (010-8648-4533)၊
ကိုမောင်ဇော်- (010-9160-9319)၊ ကိုဝင်းမင်း- (011-9013-1034)
ရထားလမ်းညွှန်
အင်ချွန်း နံပါတ်(၁)လိုင်း စီးပြီး၊ ဆိုဆာ (소사) ဘူတာတွင်ဆင်းပါ။ နံပါတ် (၁)ထွက်ပေါက်မှ ထွက်၍ ရဲစခန်းရှေ့မှလမ်းကူးပြီး အောက်ပါ မြေပုံလမ်းညွှန်အတိုင်း (၅)မိနစ်ခန့် လမ်းလျှောက်လာပါက ရောက်ပါမည်။ ဘူတာရှေ့မှစပြီး လမ်းညွှန်စာရွက်များ ကပ်ပေးထားပါမည်။
အခမ်းအနားသို့ လာရောက်ရန် မြေပုံလမ်းညွှန်

ဘတ်စ်ကားလမ်းညွှန်

No comments:
Post a Comment