Friday, December 14, 2012

ယခုတပတ် မြန်မာစင်တာမှာ...

ဘူဖျောင်းမြို့ မြန်မာစင်တာတွင် လာမည့် တနင်္ဂနွေနေ့ ၂၀၁၂ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အောက်ပါ အစီအစဉ်တို့ ရှိပါတယ်။

နံနက် ၁၀း၀၀ မှ ၁၁း၃၀ နာရီအထိ - အခြေခံ ကိုးရီးယား စကားပြော

နံနက် ၁၁း၃၀ မှ မွန်းလွဲ ၁း၀၀ နာရီအထိ - TOPIK 3/4 သင်တန်း

မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - TOPIK 1/2 သင်တန်း (ယခင်သင်လက်စ အတန်း)

ညနေ ၄း၀၀ မှ ည ၆း၀၀ နာရီအထိ - ကွန်ပျူတာသင်တန်း

TOPIK စာမေးပွဲ ဖြေဆိုလိုသူများ အတွက် အွန်လိုင်း ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းပေးမယ့် အစီအစဉ်ကို မွန်းလွဲ ၁း၀၀ နာရီမှာ ဆောင်ရွက်ပါမယ်။ တင်လိုသူများ လိုင်စင်ဓာတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်ကြေး ၀မ် ၄၀၀၀၀ နဲ့အတူ လာရောက်နိုင်ပါတယ်။

အလုပ်သမားသင်တန်း နောက်ဆုံးအချိန် လူ့အခွင့်အရေးဆိုင်ရာ ပို့ချဆွေးနွေးပွဲကို “အင်ချွန်း လူ့အခွင့်အရေးရုံး”တွင် ပြုလုပ်မှာ ဖြစ်တဲ့အတွက် သင်တန်းတက်ရောက်မည့်သူများ မြန်မာစင်တာသို့ မွန်းတည့် ၁၂ နာရီ အရောက် လာကြပါရန် နှိုးဆော်ပါတယ်။

ယခုလက စပြီး တတိယပတ် ဆေးစစ်အစီအစဉ် မရှိတော့ပါ။
တစ်လမှာ ပထမပတ် တစ်ကြိမ်တည်းသာ ဆေးစစ်အစီအစဉ် ရှိတော့မှာ ဖြစ်ပါတယ်။

No comments: