Friday, June 7, 2013

တတိယအကြိမ် စနေစကားဝိုင်းမှ ဖိတ်ခေါ်ပါတယ်



ဘူဖျောင်းမြို့ မြန်မာစင်တာမှာ စနေည တပတ်ခြား “စနေစကားဝိုင်း” ပြုလုပ်လျက်ရှိရာ ယခုတပတ်မှာ တတိယအကြိမ်မြောက် စကားဝိုင်းသို့ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် ၀ိုင်းဖွဲ့ဆွေးနွေးကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

တတိယအကြိမ် အစီအစဉ် -
နေ့ရက် = ၂၀၁၃ မေလ ၂၅ (စနေနေ့)
အချိန် = ည ၇ နာရီမှ ၉ နာရီ အထိ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့
အဆိုပြုခေါင်းစဉ် =”အလုပ်ရှင်နဲ့ ဘယ်လို ဆက်ဆံမလဲ”

- အသိပညာ၊ ဗဟုသုတ၊ အနုရသ၊ အတွေ့အကြုံတို့ကို ဆွေးနွေးဖလှယ်ခြင်း
- ခေတ်ရေစီးကြောင်းအတွင်း ပါဝင်စီးမျောနေရသူတို့ရဲ့ ဘ၀အကြောင်း နားထောင်ခြင်း
- မတူကွဲပြားတဲ့ ပတ်ဝန်းကျင်တွေကို လေ့လာစူးစမ်း သုံးသပ်ဝေဖန်ခြင်း
- အမြင်အတွေး မတူသူတို့အကြား လွတ်လပ်ပွင့်လင်းစွာ စကားဝိုင်းဖွဲ့ခြင်း တို့ဖြင့်
ကိုရီးယားမှာ ရောက်ရှိနေကြတဲ့ မြန်မာလူငယ်အကြား တိုးတက်သစ်လွင်တဲ့ အသိအမြင် အလေ့အကျင့်တွေ ရရှိစေဖို့ ရည်ရွယ်ပါတယ်။

မြန်မာစင်တာ

No comments: