Wednesday, January 1, 2014

ဘူဆန် ၊ ဂမ်ဟဲ အနီးအနားက ရွှေညီအစ်ကိုများ သို့ ဦးဦးဖျားဖျား နှစ်ဦးအလှူတော်မင်္ဂလာဖိတ်ကြားလွှာ


ရေးသားသူ--Kaung Htoo
ဦးဦးဖျားဖျား နှစ်ဦးအလှူတော်မင်္ဂလာဖိတ်ကြားလွှ
--------------------------------------------------
ပြည်တော်ဦး ဆရာတော်ဦးပဏ္ဍိစ္စ ၏ဦးဆောင်မှုဖြင့်ယခုအခါကိုရီးယားမြေပေါ်တွင် မြန်မာပိုင်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပြီဖြစ်ပါသည်။ဘူဆန်မြို့ကုလသမဂ္ဂ ငြိမ်းချမ်းရေးလမ်း အမှတ် (၁၃၆-၁) ၃လွှာရှိ ထိုကျောင်းတော်မှာ ယခင်က အားကစားခန်းမ တစ်ခုအဖြစ်အသုံးပြုခဲ့သဖြင့် ယခုအခါဘုန်းကြီးကျောင်းတစ်ကျောင်း အင်္ဂါရပ်များနှင့် ညီညွှတ်စေရန် အတွင်းပိုင်းအားလုံးကို ဖြိုဖျက်၍ အသစ်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်လျက်ရှိ ပါသည်။ထိုသို့မြန်မာပိုင်ဘုန်းကြီးကျောင်း တစ်ကျောင်းအား ဆရာတော်ရည်ရွယ်ထားသည့် ကာလအတိုင်းအတာ တစ်ခုအတွင်း ပြင်ဆင်မွမ်းမံမှုများအား မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်စေရန် ရည်စိတ်သန်၍ကျွန်တော်များ yaung shin TR ရှိမြန်မာလုပ်သားများနှင့် ခင်မင်ရာ သူငယ်ချင်း တချို့စုပေါင်း၍ လာမည့် ၂၀၁၄ ဇန်န၀ါရီ ၁ ရက်နေ့တွင် မြတ်စွာဘုရားအား အမှူးထား၍ ဆရာတော်ဦးပဏ္ဍိစ္စနှင့် သံဃာတော်နှစ် ပါးတို့အား နိဗ္ဗာန်သို့ ရည်မှန်းကာ နေ့ဆွမ်းကပ်လှူခြင်း ကျောင်းအတွက် အလှူတော်ငွေလှူဒါန်းခြင်း ပရိတ်တရားတော်နာ ကြား ခြင်းနှင့် ကြွရောက်ချီးမြှင့်ကြသော မိတ်ဆွေအပေါင်းတို့အားလဲ အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသဖြင့် ကြွရောက် ချီးမြှင့်နိုင်သော သူငယ်ချင်းမိတ်ဆွေများအား ပရိတ်တရားတော်နာကြွရောက်ပါရန် လှိုက်လှဲစွာဖိတ်ကြားအပ်ပါသည်။

နေ့ရက်....: : 2014/01/01 ဗုဒ္ဓဟူးနေ့

အချိန်...: : နံနက် ၁၀ နာရီမှ နေလည် ၁ နာရီ..

နေရာ...: : 경남 김해시 진영읍 의전리
275-2 번지 (주)영신티알
(ဂင်ဟဲမှလာမည်သူများ BUS ..44 စီပြီး (ဂွမ်ဂုတ်မာအူလ်း) မှတ်တိုင်မှာဆင်းပါ။

ဆက်သွယ်ရန်....

ကိုခိုင်..... 01086711877
ကိုဇော်ဝင်းထွန်....01064660020
အောင်းစိုးလင်း ... 01028127659
ကိုဇော်ဦး..... 01098785647

No comments: