Wednesday, October 16, 2013

မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော် ဓမ္မသဘင်ခန်းမသစ်ဖွင့်ပွဲဖိတ်ကြားလွှာ

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား) ဓမ္မသဘင်ခန်းမဖွင့်ပွဲကို ဖော်ပြပါ အစီအစဉ် အတိုင်း ကျင်းပပြု လုပ်မည်ဖြစ်ပါ၍ ကျောင်းဒကာများနှင့် ရွှေမြန်မာ ညီအကိုများ အားလုံး ကြွရောက် ကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားပါသည်ခင်ဗျား .....။

                                       အစီအစဉ်(၁)
ဓမ္မသဘင်ခန်းမဖွင့်ပွဲကို တရားပွဲဖြင့်စတင်ဖွင့်လှစ်မည်ဖြစ်ပါ၍ တရားနာကြွရောက်ကြပါရန် ရိုသေ လေးမြတ်စွာ ဖိတ်ကြားပါသည် ခင်ဗျား ...။

ဓမ္မကထိကဆရာတော်  -  အရှင်ဝိစိတ္တ (မနာပဒါယီဆရာတော်) 
သာသနတက္ကသီလဓမ္မာစရိယ BA(Buddhism)
သာသနတက္ကသီလမဟာဓမ္မာစရိယ MA(Thesis) ၊ BA (korea)
စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့  ၊ ကိုရီးယားနိုင်ငံ 
 ** နေ့ရက် - ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်( ၁၉-၁၀-၂၀၁၃) စနေနေ့ ။
 ** အချိန် - ညနေ ၅ - နာရီ ၀န်းကျင် 
( အားလုံး အလုပ်သိမ်းချိန်ကို  ကြည့်၍ အချိန် ရှေ့နောက်ရွှေ့နိုင်ပါသည်)
** နေရာ- မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၊ ဘူဖြောင်း ၊ အင်ချွန်း၊ 
                 
                                               အစီအစဉ်( ၂ )
သံဃမဟာပ၀ါရဏာပွဲသို့ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား တရားပွဲ အပြီးတွင် ၀ါကျွတ် ပူဇော် ကန်တော့ပွဲ ကျင်းပ ဆုံးမ သြ၀ါဒများ နာယူကြပါမည် ။

                                               အစီအစဉ် ( ၃ ) 
 မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)  နေရာအပိုင် ၀ယ်ယူခြင်း ကာလ မတိုင်မီ အချိန်တွင် ဤဓမ္မသဘင် ခန်းမကြီးကို တစ်လ ၀မ် တစ်သောင်းစီ လှူဒါန်းကြမည့် အလှူရှင်တို့၏ စုပေါင်း အလှူတော် ငွေဖြင့် နှစ်ရှည် ငှားရမ်း လှူဒါန်းခြင်း ဖြစ်ပါသည်။ ကြိုတင် လှူဒါန်းထားသည့် အလှူရှင်များ၊ ထပ်မံအားဖြည့် လှူ ဒါန်းကြမည့် အလှူရှင် အားလုံးတို့၏ ကျောင်းအလှူတော်ကို သီတင်းကျွတ် လပြည့် မိဘ ကျေးဇူး အထူး ဆပ်သည့် အနေဖြင့် ရေစက်ချ အမျှပေးဝေပါမည် ။


 ကျေးဇူးတင်စွာဖြင့် 
 ကျောင်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်များ

                                            

No comments: