Thursday, July 11, 2013

ဝါဆိုဦး ဆွမ်းကပ်အလှူ




ဝါဆိုဦးမှာ ဦးဦးဖျားဖျား ကုသိုလ် ကောင်းမှုတွေပြုလို့ ဒီနှစ် ဝါဆိုကို ကြိုဆိုကြပါစို့။

မြန်မာသက္ကရာဇ် ၁၃၇၅ ခု ဝါဆိုလဆန်း (၇) ၇က် (၁၄-၇-၂၀၁၃) တနင်္ဂနွေနေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ညောင်ကုန်းရွာ နှင့် ဝက်သဲရွာမှ ကိုရီးယားတွင် စီးပွါးလာရှာနေကြသော ညီအစ်ကိုများ စုပေါင်းကာ အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရ၌ ဘု၇ားအမှူးရှိသော သံဃာတော်များအား အရုဏ်ဆွမ်း ၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။

မိတ်ဟောင်းများနှင့်ပြန်လည်တွေ့ဆုံ၊ မိတ်သစ်များကိုတွေ့နိုင်ဘို့ ကျောင်းတော်သို့လည်း အလာတစ်ခေါက်လာရောက်၇င်း ကျွန်တော်များ၏ ကုသိုလ်ကို ကြွရောက်အားပေးကြပါ၇န် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

လေးစားခင်မင်လျက်
သူငယ်ချင်းများတစ်စု
(ညောင်ကုန်းရွာ၊ ဝက်သဲရွာ)

ဆက်သွယ်ရန်
ကိုရင်ထွေး - (၀၁၀-၂၆၂၁-၉ ၂၄၃)

(မှတ်ချက် - တ၇ားတော်ကို မနက် (၁၀း၀၀) ခန့်တွင် နာယူမည်ဖြစ်ပါသည်။)

No comments: