Wednesday, July 17, 2013

ဝါဆို သက်င်္န်း ဆက်ကပ်ခြင်း ရက်ရွှေ့ပြောင်းခြင်း


မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)

၂၀၁၃ ခုနှစ် ဇူလိုင် ၂၁ ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ၀ါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ၀ါဆို သင်္ကန်းနှင့် န၀ကမ္မ ၀တ္တုငွေများ လှူဒါန်းကြမည့် အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါ ဇူလိုင် ၂၁ ရက်နေ့အထိ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ကျောင်းထိုင် ဆရာတော်တို့က လေယာဉ်ပျံ လက်မှတ် ပြောင်းရွှေ့မရသဖြင့် လာမည့် သြဂတ် ၃ ရက် စနေနေ့တွင် ၀ါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း အကြောင်းကြား အသိပေးအပ်ပါသည်။ ဆရာတော်များက ဇူလိုင် ၂၃ ရက် နံနက်ပိုင်း လေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ကြွချီလာမှာ ဖြစ်ပါကြောင်းနှင့် သြဂတ် ၃ ရက် အမှီ လှူဒါန်းကြမည့် အလှူရှင်များ ဆက်လက် လှူဒါန်းနိုင်ရန် အကျိုးမျှော်ကာ နိုးဆော်လိုက်ပါသည်။ 

No comments: