Wednesday, July 17, 2013

စောလှိုင်မျိုးသိန်း လွတ်လာပြီ။

၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်း ကရင်လူငယ်အစည်းအရုံး (ကိုရီးယား) ဥက္ကဌ စောလှိုင်မျိုးသိန်းဟာ ဟွာဆောန် နိုင်ငံခြားသား စောင့်ရှောက်ရေးဌာနမှ အာမခံနဲ့ လွတ်လာကြောင်း သိရပါတယ်။ စောလှိုင်မျိုးသိမ်းက " ကျနော် အခုလို အာမခံနဲ့ လွတ်လာတာ ကိုရီးယား ရှေ့နေမ မစ္စစ် ယိဆာန်ဟီ၊ ကိုရီးယား လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ မြန်မာ မိတ်ဆွေများရဲ့ ကူညီမှုတွေကြောင့် ဖြစ်ပါတယ်။ အားလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်၊ ဆက်လက်ပြီးတော့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း  " ၀မ်းသာအားရ ပြောသွားပါတယ်။ စောလှိုင်မျိုးသိန်းဟာ ဟွာဆောန် နိုင်ငံခြားသား စောင့်ရှောက်ရေးဌာနက လွှတ်လာခြင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)သို့ သွားရောက်ပြီး ဘုရားအမှူးထား၍  ဆရာတော် ဦးဇာဂရအား ကန်တော့ပြီး ခင်မင်သော မိတ်ဆွေများနဲ့ ပျော်ရွှင်စွာ စကားပြောဆိုနေပုံကလည်း မျက်စိထဲက ထွက်မှာ မဟုတ်တော့ပါဘူး။ 

No comments: