Thursday, July 18, 2013

ဓမ္မဒူတ(ကိုရီးယား) ၇ ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲဖိတ်ကြားလွှာ

ဇူလိုင်လ ၁၈ ၊ အင်ချောန်း

ဓမ္မဒူတ (ကိုရီးယား) ၏ ၇ ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကိုအောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ပြီး ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်-
ရက်စွဲ
- ၁၃၇၅ခုနှစ် ဝါဆိုလဆန်း ၁၄ ရက် (တနင်္ဂနွေနေ့)
- [၂၀၁၃ခုနှစ် ဇူလိုင်လ ၂၁ ရက် ]

နေရာ
- ဓမ္မဒူတသိမ်တော်

အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း
- ၁၃း၁၅ ခေတ္တအနားယူခြင်း
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း
- ၁၃း၃၅ သီလခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊ အလှူတော်အစုစု ရေစက်ချ အမျှအတန်းပေးဝေခြင်း
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း

ဧည့်ခံနှင့်အကျွေးအမွေးအလှူရှင်
- အမေ့အိမ် သူငယ်ချင်းများ ၊ မြန်မာသူကြီးမိသားစု ၊ ရွက်လှအိမ် ၊ စကားဝါမိသားစု ၊ ဓမ္မဒူတမောင်မယ်များ

ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့

No comments: