Tuesday, January 21, 2014

ဂင်မ်ဟဲ ဓမ္မယာနကျောင်း အလှူတော် ဖိတ်ကြားလွှာ

 မွန်ပြည်နယ် ဖားအောက်တိုက်နယ်အသင်းဧ။် 
ပထမအကြိမ် အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ 

ကိုရီးယားနှစ်သစ်ကူး (설날) တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဖားအောက်တိုက်နယ် ညီအကိုများ အသင်းက တူညီသော စိတ်ထား တူညီသောသဒ္ဓါတရားတို.ဖြင့် အညီအညွတ် စုပေါင်း၍ ဘူဆာန်မြို့ ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓ သာသနာ့ ရိပ်မွန် မြန်မာပိုင် ကျောင်းတော်ကြီး ပြည့်စုံ ပြီးမြောက်စေရန် စိတ် ရည်သန်လျက် ကျောင်းမြေနှင့် ဘုရားခန်းအတွက် ပထမအကြိမ် ဝိဟာရဒါန အလှူတော် ငွေ ပေးအပ်ပွဲ ပြုလုပ် မည် ဖြစ်ပါသည်။ 

ကျောင်းအလှူတော်မင်္ဂလာပွဲတွင် ဘုရားအမှူးရှိသော ပင့်သံဃာများဖြစ်ကြသည့် ဘူဆာန် ဓမ္မယာန ပြည်တော်ဦး ဆရာတော်၊ ဆာဆန် ဓမ္မယာန ဆရာတော် အရှင်မဏ္ဍလနှင့် ကင်မ်ဟဲ ဓမ္မယာန ဆရာတော် အရှင်သြဒါတာလကာင်္ရ (၃)ပါးတို့အား ဆွမ်းဘောဇဉ်တို့ဖြင့် ဆက်ကပ် လှူဒါန်း၍ ကြွရောက်လာသည့် ဧည့်ပရိသတ်တို့ကို ဒံပေါက် ထမင်းဖြင့် ကျွေးမွေး ဧည့်ခံပါမည်

အလှူအောင်ပွဲအဖြစ် ဓမ္မမိတ်ဆွေများနှင့် အတူတကွ သီလယူ အလှူပေး၍ အနုမောဒနာ တရား နာကြားကြမည် ဖြစ်ပါသောကြောင့် ကြွရောက် ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

နေ့ရက် ။ သာသနာ သက္ကရာဇ် ၂၅၅၇ ခုနှစ်၊ 
           ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ် တပို့တွဲ လဆန်း ၂ ရက် စနေနေ့၊ 
           ခရစ် သက္ကရာဇ် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၁ ရက် 

အချိန် ။ နံနက် ၁၁ နာရီအချိန်တွင် ဧည့်ပရိတ်အပေါင်းတို့အား ဧည့်ခံမည်ဖြစ်ပါသည်။
နေ့လည် ၁း၀၀ နာရီအချိန်တွင် တရားနာ ရေစက်ချမည်ဖြစ်ပါသည်။ 

ကျောင်းတော် နေရာ  
ဂင်မ်ဟဲ ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် 

မွန်ပြည်နယ် ဖားအောက်တိုက်နယ်အသင်း 


ဆက်သွယ်ရန် 
ကိုသန်းထိုက် 010 28939393 (ဂင်မ်ဟဲ) 
ကိုနောင်နောင် 010 5942 0303 (ချန်ဝါန်) 
ကိုအေးမင်းထွန်း 010 2893 3332 (ဂင်မ်ဟဲ) 
ကိုကျော်မျိုးလတ်010 8672 4546 (အင်ချွန်း)

No comments: