Saturday, July 20, 2013

ဇူလိုင် ၂၁ မြင်းခြံ အဖွဲ့သားများ၏ အလှူ ဖိတ်ကြားလွှာ

 လာမည့် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၁ တနင်္ဂနွေနေ့တွင် ဘုရားအမှူးထားပြီး ဦးဇာဂရ (ထီးချိုင့်မြို့၊ ကြက်တကောင်းဆရာတော် )နှင့် ပင့်သံဃာတော် အသျှင်သူမြတ်တို့အား ဆွမ်း ဘောဇဉ် ခဲဘွယ်တို့ကို ကိုရီးယားနိုင်ငံရောက် မြင်းခြံအဖွဲ့သားများက ဆက်ကပ် လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိသတ်များကို နံနက် ၈ နာရီမှ ၉ နာရီအထိ  နန်းကြီးသုပ်၊ နံနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ဒံပေါက်တို့ဖြင့် ဧည့်ခံသွားမည်ဖြစ်ပါသည်။ ၄င်းနောက် ပြုပြုသမျှသော ကုသိုလ် အလှူအပေါင်းတို့ကို တရားနာ ရေစက်ချ အမျှပေးဝေသွားမည်ဖြစ်ပါသဖြင့် တရားနာကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

No comments: