Thursday, September 12, 2013

ဆရာသောင်းနှင့်တောင်ဥက္ကလာပကျောင်းသားများ အလှူတော်မင်္ဂလာဖိတ်ကြားလွှာ

တောင်ကိုရီးယားနိုင်ငံရောက် ဆရာသောင်းနှင့်တောင်ဥက္ကလာပကျောင်းသားများ က လာမည့်ကိုရီးယားချူးဆော့ပွဲတော်အခါသမယတွင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား မွန်မြတ်သည့် အရုဏ်ဆွမ်း ၊ နေ့ဆွမ်းများဆပ်ကပ်ပူဇော်လှူဒါန်းကြပြီးလျင် ၊ ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း အာဟာရဒါနပြု ကုသိုလ်ယူလိုပါသဖြင့် ကြွရောက်သုံးဆောင်တော်မူကြပါရန်လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။

အလှူတော်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
အလှူတော်နေရာ-
- မြန်မာဗုဒ္ဓသာသနာပြုကျောင်း

အလှူတော်နေ့ရက်-
- ၂၀၁၃ခုနှစ် ၊ စက်တင်္ဘာလ ၁၉ ရက် (ချူးဆော့ရက်ကြီး)

အလှူတော်အစီအစဉ်-
- နံနက်= မုန်းဟင်းခါး ။
- နေ့လည် = မြန်မာပြည်အလွမ်းပြေထမင်း ဟင်း ။


ခင်မင်လေးစားမှုဖြင့်-

ဆရာသောင်းနှင့်တောင်ဥက္ကလာပကျောင်းသားများ
၂၀၁၃ခုနှစ် စက်တင်္ဘာလ ၁၂ရက်
အင်ချောန်း

No comments: