Saturday, January 25, 2014

၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ဓမ္မဒူတဆရာတော် ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်


ဇန္နဝါရီ၂၅ ၊ အင်ချောန်း
ကိုရီးယားနှစ်- ၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၄-ခုနှစ်ဖေဖေါ်ဝါရီလ ၁) တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အထူးဓမ္မသဘင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၊ ဓမ္မသဘင်သို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

ဆရာတော်ကြီးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကိုရီးယားသို့ရောက်ရှိတော်မူပြီး ၊ နေ့လည် ၁ နာရိ ၃၀ မိနစ်တွင် ဓမ္မဒူတသိမ်တော်ခမ်းမတွင် ကျင်းပမည့် နှစ်ကူးအထူးဓမ္မသဘင်တွင် ၊ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပြီး ဖေဖေါ်ဝါရီလ ၂ ရက်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံတော်သို့ ပြန်လည် ကြွချီတော်မူမည်ဖြစ်ပါသည် ။


ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။

ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ဇန် ၂၅

No comments: