Saturday, January 25, 2014

လိုအပ်သော နည်းပညာ၊အတတ်ပညာ ရှာဖွေလိုလျှင် ဆက်သွယ်ပါ။

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)


ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျာ…
ကျနော်တို့မြန်မာအသင်း(ကိုရီးယား)ရုံးစိုက်ရာ ဘူချွန်းအလုပ်သမားရိပ်သာသည် မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းအလုပ်သမားတို့၏အကျိုးအတွက် ကျန်းမာရေး၊အလုပ်သမားရေး၊လူမှုရေးစသဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ကိုရီးယားနိုင်ငံရောက် ရွှေ့ ပြောင်းအလုပ်သမားတို့၏လိုအပ်ချက်များကို ရှေ့ ရှုကာ အလုပ်သမားများအတွက် လုပ်ငန်းခွင်ပညာရေး၊အသိပညာ၊အတတ်ပညာများကိုလည်း လိုအပ်သလို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ယခုတဖန် အလုပ်သမားများမှ မိမိတို့အားလပ်ချိန်အတွင်း သင်ကြားလိုသော မိမိတို့ဘဝအတွက် လိုအပ်လျက်ရှိသော ၊အထောက်အကူဖြစ်စေသောသင်တန်းများကိုရှာဖွေ၍ အုပ်စုဖွဲ့ကာ သင်ကြားပေးသောစနစ်ဖြင့် သင်တန်းများကိုလည်း ဖွင့်လှစ်ဖို့ပြင်ဆင်လျက်ရှိပါသည်။မိမိတို့ မြန်မာရွှေ့ ပြောင်း အလုပ်သမားများအနေဖြင့် မိမိတို့သင်ကြားလိုသောသင်တန်းအတွက် အလုပ်သမားများအချင်းချင်း စုဝေး၍သော်လည်းကောင်း၊သူငယ်ချင်းများဖွဲ့၍သော်လည်းကောင်း သင်တန်းတစ်ခုအဖြစ်သီးသန့်ပုံစံဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ မိမိတို့မြန်မာအသင်း(ကိုရီးယား)အနေဖြင့် လိုအပ်သော သင်တန်းအတွက် နေရာနှင့်သင်တန်းဆရာများအား ရှာဖွေပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပေးလိုက်ပါသည်။ သင်တန်းတစ်ခုကို အနည်းဆုံးလူဦးရေ ၅ ဦးထက်ရှိရပါမည်။ ထို့အပြင် သင်တန်းကိုလည်း သင်တန်းကာလတခု ပြီးဆုံးသည်အထိ တက်ရောက်ပေးရပါမည်။ သို့မှသာ မိမိတို့ အနေဖြင့် သီးသန့်သင်တန်းများကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ 

အသေးစိတ်သိလိုပါက… 
ဦးခင်မောင်ရင်  ... ၀၁၀ - ၂၇၈၈ - ၇၁၅၃ 
 

2 comments:

Unknown said...

ကျွန်တော် ကားပြင်သင်တန်းတက်ချင်ပျွှါယ် အစ်ကို

Unknown said...

ကျွန်တော် ကားပြင်သင်တန်း တက်ချင်ပွတယ် အစ်ကို