Sunday, July 13, 2008

ကိုရီးယားသို့ အလီလီ ပြည်ဝင် ဗီဇာ မြန်မာ အပါအ၀င် ၂၃ နိုင်ငံ တိုးချဲ့ထုတ်ပေး

ရေးသားသူ — ကိုဝိုင်း (မိုးညင်း)

ကိုရီးယားအစိုးရသည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစိတ်အပိုင်း တစ်ခု အဖြစ် လည်းကောင်း၊ စွမ်းအင် အရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ရရှိစေရန် အတွက် လည်းကောင်း၊ မေလမှ အစပြု၍ ကိုရီးယားနိုင်ငံသို့ အလီလီ ၀င်ရောက်ခွင့်ရှိသည့် ပြည်ဝင်ဗီဇာ (Multiple-entry Visa) ကို နိုင်ငံပေါင်း ၂၃ နိုင်ငံသို့ တိုးချဲ့ ခွင့်ပြုလိုက်ကြောင်း သိရသည်။

ယခင်က ဆိုလျှင် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံ တို့ကိုသာ ဗီဇာအမျိဲးအစားကို အကန့်အသတ်ဖြင့် ခွင့်ပြုထားကြောင်း၊ ယခု တိုးချဲ့ ခွင့်ပြုလိုက်သည့် နိုင်ငံများမှာ တောင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှအလယ်ပိုင်းမှ ၁၃ နှိုင်ငံနှင့် အရှေ့တောင်ဒေသမှ ၁၀ နိုင်ငံတို့ ဖြစ်ကြောင်း၊ အရှေ့တောင်အာရှ ၁၀ နိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ အင်ဒိုနီရှား၊ လာအိုစ်၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဂျော်ဒန်နိုင်ငံတို့ ဖြစ်ကြောင်း၊ စွမ်းအင် အရင်းအမြစ်ပေါများသော ၁၃ နိုင်ငံမှာ တာမင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စ္စတန်၊ အဇာဘိုင်ဂျန်၊ မွန်ဂိုလီယား၊ ဘိုလစ်ဘီးယား၊ အီကွေဒေါ၊ ဘင်နီဇွဲလား၊ အဲလ်ဂျီရီးယား၊ အင်ဂိုလာ၊ နိုက်ဂျီရီးယား၊ ကွန်ဂို နှင့် လစ်ဗျား တို့ ဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း စွပ်စွဲခံထားရသည့် နိုင်ငံများကိုမူ ချွင်းချက်အဖြစ် ချန်လှပ်ထားကြောင်း သိရပါသည်။

ကိုရီးယားနိုင်ငံအတွင်း ဆေးဝါးကုသမှု ခံယူလိုသူများနှင့် နာလန်ထ အပမ်းဖြေလိုသူများအတွက် ကိုရီးယားအစိုးရသည် လူနာနှင့် မိသားစုဝင်များအား ဗီဇာ အမျိုးအစား ဂျီ-၁ (G-1) ကို ထုတ်ပေးမှာ ဖြစ်ကြောင်း၊ ရက် ၉၀ အောက် နေထိုင်မည့် သူများအား ၁ နှစ် အတွင်း အသုံးပြုနိုင်သည့် ရက် ၉၀ ဗီဇာ (valid for 1 year with a maximum 90-day stay) ကို ထုတ်ပေးမှာ ဖြစ်ပြိး၊ ရက် ၉၀ အထက် နေထိုင်လိုသူများကိုမူ ၁ နှစ်အတွင်း အသုံးပြုနိုင်သည့် ၁ နှစ်ဗီဇာ (valid for 1 year with a maximum one-year stay) ကို ထုတ်ပေးမှာ ဖြစ်ကြောင်း၊ ၁ နှစ်အထက် နေထိုင်ရန် လိုအပ်သူများကိုမူ ၄ နှစ်အထိ သက်တမ်းတိုးခွင့်ပြုမှာ ဖြစ်ကြောင်း သိရသည်/

Ref : MigrantOK, International English (No. 20)

No comments: