Sunday, February 22, 2009

နက်ကဖီး သုံးသူများသတိပြုစရာBlack Device

အင်တာနက် ကဖီးတွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အရေးကြီး အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် KeyBoard ကြိုးနဲ့ ကွန်ပျူတာ System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီကွန်ပျူတာမှာ မသုံးတော့နဲ့။

အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာ ဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ E-mail Password အပါအဝင် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး ခိုးယူထားခံရပြီသာ မှတ်။ ခရက်ဒစ်ကတ်တို့၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ဝယ်ချင်တာ ဝယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကတ်နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ကဖီးတွေမှာသုံးရင် သတိထား။ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။

ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ြပပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက်ကဖီးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက်ကဖီးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့။ သေချာအောင် ပုံပါထည့်ပေး လိုက်တယ်။

***
ပို့စ်တင်သူမှတ်ချက် ။
အီးမေးလ်ပေးပို့လာသူ နှင်းဆီဖြူကို ကျေးဇူးတင်ပါတယ် ။

No comments: