Sunday, June 21, 2009

ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနား


မင်္ဂလာပါ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၄ နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ အခမ်းအနားကို ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများ စုပေါင်း၍ ကျင်းပမည် ဖြစ်ပါသည်။

ဒေါ်စုအပေါ် ထားရှိသည့် မိမိတို့၏ လေးစား ချစ်ခင် မြတ်နိုးမှုကို ထုတ်ဖော်ပြသနိုင်ရန်နှင့် မတရား ဖမ်းဆီးချုပ်နှောင် ခံထားရခြင်းမှ အမြန်ဆုံး လွတ်မြောက်လာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် တိုင်းပြည်နှင့်ပြည်သူလူထု အကျိုးစီးပွားအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်စေရန် အလို့ငှာ စုပေါင်း၍ ဆုတောင်းမေတ္တာ ပို့သကြမည် ဖြစ်ပါသည်။

ထို့ကြောင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း မပျက်မကွက် ပူးပေါင်း ဆောင်ရွက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၀၀၉ ဇွန်လ ၂၁ ရက် (တနင်္ဂနွေနေ့)
နေရာ = မြန်မာအသင်း ဧည့်ခံခန်းမ (ပူချွန်းအလုပ်သမားရိပ်သာ ခန်းမ)
အချိန် = နေ့လယ် ၁း၃၀ မှ ၄း၃၀
(တက်ရောက်သူများ နေ့လယ် ၁း၀၀ အရောက် ကြွရောက်ကြပါရန် ဖြစ်ပါသည်။)


၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ ဖြစ်မြောက်ရေး ကော်မတီ

1 comment:

မသက်ဇင် said...

ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့
မှသည် အသက်ရာကျော်ရှည်ပါစေ