Monday, January 11, 2010

မီဒီယာစွမ်းအား ဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရေး

ရေးသားသူ — ကိုလူချစ်(ကိုရီးယား)

အင်တာနက် စာမျက်နှာ တစ်ခုဖြစ်တဲ့ ဟစ်တိုင် ပေးစာကဏ္ဍမှာ ဖော်ပြထားတဲ့ ထိုင်းနိုင်ငံအခြေစိုက် ဗမာ့ရေးရာအဖွဲ့ကနေ ဟစ်တိုင်ကို ပေးပို့ထားတဲ့စာကို မြန်မာနိုင်ငံသား အားလုံးအတွက် အကျိုးရှိမယ်လို့ ယူဆမိလို့ ပြန်လည် လက်ဆင့်ကမ်းပေးလိုက်ပါတယ်။


သို့ 
တာဝန်ရှိ လူကြီးမင်းများ
ဟစ်တိုင် သတင်းဌာန
ဟစ်တိုင် သတင်းဌာနမှ လူကြီးမင်းများရှင့် ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့ကို ၂၀၀၈ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ( ၁၀ ) ရက်နေ့တွင် ၁။ မြန်မာပြည်ရှိ ပြည်သူ/ပြည်သားများ သတင်းလွတ်လပ်ခွင့်ရရှိရေး၂။ သတင်း နှင့် နည်းပညာ တိုးတက်ရေး ၃။ မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် တဖက် တလမ်းမှ မီဒီယာစွမ်းအား ဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရေး ဆိုသည့် ရည်ရွယ်

ချက် ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်ပြီး အဖွဲ့ဝင် (၂၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ အဖွဲ့ဝင်ပေါင်း ၁၅၀၀ ကျော်ရှိပြီ ဖြစ်ပါသည်။
ယနေ့အထိ ဗမာ့ရေးရာမှ ကိုယ်ပိုင် ဘလော့ဂ်ပြုလုပ်ပေးသူ ( ၇၀၀ ) ကျော်နှင့် ကိုယ်ပိုင် ဒိုမိန်း ပြောင်းလဲ ပေးသူ (၁၂၀၀) ကျော် ရှိပြီဖြစ်ပါသည်။ ဒိုမိန်းပြောင်းလဲမှု၏ ကုန်ကျစရိတ်ကို ပြည်ပအလှူရှင်များမှ ကူညီဆောင်ရွက်ပေးပါသည်။ ဗမာ့ရေးရာမှ ဒိုမိန်းနှင့် ဘလော့ဂ်များကို အခမဲ့ ပြုလုပ်ပေးပါသည်။ပြည်တွင်းတွင် ဗမာ့ရေးရာမှ ဘလော့ဂ်ပြုလုပ်ထားသူ (၂၁) ဦးနှင့် ဒိုမိန်း ပြောင်းလဲပေးသူ (၃၃) ဦးရှိပါသည်။

ယခုအချိန်တွင် စစ်အစိုးရအနေဖြင့် ပြည်တွင်းရှိ စာနယ်ဇင်းများ ၊ ပြည်သူလူထုများကို မီဒီယာ ပိတ်ဆို့မှုများ ၊ ပြည်ပရှိ သတင်း မီဒီယာများ နှင့် သလော့ဂ်များကို ကြည့်လိုမရအောင် ပိတ်ပင်ထားခြင်း နှင့် ပြည်တွင်း မီဒီယာများ ၊ ပြည်သူလူထုများအား လွတ် လပ်စွာ သတင်းထုတ်ဖော်တင်ပြခွင့်များကို ပိတ်ပင်ထားခြင်းသည် လူအခွင့်အရေးဖိနှိပ်မှုပြုထားသည်ဟု ဗမာရေးရာအဖွဲ့သား များမှ ရှုမြင်သုံးသပ်ပါသည်။ ထို့ကြောင့် စစ်အစိုးရအား မီဒီယာစွမ်းအားဖြင့် တိုက်ပွဲဝင်ရာတွင် ပြည်သူများ ပါဝင်လာရေး နှင့် တိုက်ပွဲဝင်ရေးအတွက် ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့မှ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီအင်အားစုများအား ကိုယ်ပိုင်ဘလော့ဂ်များ ပြုလုပ်ပေးခြင်း ၊ ဘလော့ဂ်ရှိသူများကို ဒိုမိန်းပြောင်းလဲ ပေးခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသဖြင့် ပြည်သူများ သိရှိအောင် လူကြီး မင်းတို့ သတင်း ၀ပ်ဆိုဒ်မှ ဖြန့်ဝေပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်။

ဟစ်တိုင် သတင်းဌာနမှ လူကြီးမင်းများ နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေပါစေ။

မိုးသွေး
နည်းပညာတာဝန်ခံ
ဗမာ့ရေးရာ
www.ban.org.uk.tt

၆။၁။၂၀၁၀



No comments: