တောင်ကိုရီးယားနိုင်ငံမှာ အိမ်ဈေးများ အဆမတန် ထိုးတက်သွားတာကြောင့် ၁၀နှစ်တာကာလအတွင်းမှာ မင်္ဂလာစရိတ်ဟာ နှစ်ဆခန့် မြင့်တက်သွားပါတယ်။ မင်္ဂလာဧည့်ခံပွဲအကျိုးဆောင်ကုမ္ပဏီတစ်ခုမှ ပူးတွဲဖွင့်လှစ်ထားတဲ့ မင်္ဂလာဆောင်သုတေသနအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က နိုင်ငံအ၀ှန်းရှိ မင်္ဂလာစုံတွဲ ၃၅၆တွဲကို လေ့လာစုံစမ်းချက်အရ မင်္ဂလာစရိတ်ဟာ ၀မ် ၁၇၂ သန်းခန့် ရှိတယ်လို့ သိရှိရပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က ကုန်ကျစရိတ် ၀မ် ၈၂ သန်းထက် ၂ ဆကျော် တိုးမြင့်သွားတာ ဖြစ်ပါတယ်။
မင်္ဂလာစရိတ်တွေထဲမှာ အိမ်အတွက် ကုန်ကျငွေဟာ ၂၀၀၀ခုနှစ်က ၀မ် ၄၆သန်းသာ ရှိခဲ့ရာမှ လွန်ခဲ့တဲ့နှစ်မှာ ၀မ် ၁၂၇ သန်းအထိ ထိုးတက်သွားတာကြောင့် မင်္ဂလာစရိတ်ရဲ့ အဓိကကုန်ကျငွေဟာ အိမ်အတွက်ကုန်ကျတာဖြစ်တယ်လို့ ဆိုကြပါတယ်။
အခြားတစ်ဖက်က ခန့်မှန်းချက်တွေကတော့ မင်္ဂလာလက်ဆောင်အတွက် သုံးစွဲမှုဟာ ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ မင်္ဂဧည့်ခံပွဲကုန်ကျစရိတ်ဟာ ၁၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ လျော့ကျသွားတယ်လို့ ဆိုပါတယ်။
(မှတ်ချက်။ ။ ငွေလဲနှုန်းဟာ ၁ ဒေါ်လာကို ၁၁၃၇.၅၀ ၀မ်ခန့် ရှိနေပါတယ်။)
သတင်းထောက် ဂျန်းငါယောင်
YTN news
မူရင်းသတင်းကြည့်ရန် ကလစ်
1 comment:
ကလောင်အသစ်ကလေးနဲ့ ရေးလာပါလား။မတွေ့တာအတော်ကြာပြီနော်။
နေကောင်းတယ်မဟုတ်လား?
Post a Comment