Monday, September 6, 2010

ဘူချောန်းဒေသ မြန်မာတို့အတွက် အလုပ်ခွင်ဆိုင်ရာ ပညာပေးသင်တန်း အောင်မြင်စွာ ပြီးစီး

ယမန်နေ့ နေ့လည် ၂ နာရီမှ ညနေ ၇ နာရီခွဲ အချိန်ထိ ဘူချောန်း နိုင်ငံခြားသား အလုပ်သမားများရိပ်သာ တွင် ၊ ပြုလုပ်ခဲ့သည့် ဘူချောန်းဒေသ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ခွင်ဆိုင်ရာ ပညာပေးသင်တန်းသို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တက်ရောက်ပြီး စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း ၊ မြန်မာအသင်း (ကိုရီးယား) ၏ မေတ္တာရပ်ခံချက်အရ ၊ ကိုရီးယား အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ၊ ကိုရီးယားအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ဘူချောန်းဒေသခွဲ) နှင့် ဘူချောန်းနိုင်ငံခြားသား အလုပ်သမားများရိပ်သာတို့က အဆိုပါ သင်တန်းကို ပူးတွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

No comments: