ပုံပြင်လေး တပုဒ်က ဒီလိုပါ။
ခွေးတကောင်ဟာ တနေ့မှာ အစာရှာရင်း ကျားတွေ စားပြီး ထားပစ်ခဲ့တဲ့ စားကြွင်းစားကျန် အရိုးအရင်းတွေကို တွေ့မိသတဲ့။ အရိုးအရင်းတွေ အများကြီးကို မြင်လိုက်ရင်ပဲ - ဟာ အဆင်သင့်လိုက်တာ - ဆိုပြီး အငမ်းမရ စားတော့သတဲ့။ စားရင်းနဲ့ - ကျားတွေနားမှာ ခိုကပ်နေရင် ဒီလို စားကြွင်းစားကျန် အရိုးအရင်းတွေ မပြတ်စားရမှာပဲလို့ တွေးမိပြီး အဲသည်နေ့က စလို့ ဒီခွေးဟာ ကျားတွေရဲ့ စားကြွင်းကိုပဲ လိုက်လံ ရှာဖွေ စားသောက် နေတော့သတဲ့။
ခွေးဟာ ကျားတွေရဲ့ စားကြွင်းကို လိုက်စားနေတာ ကြာလာတော့ - တကယ်တော့ ကျားတွေဟာ ငါ့အတွက် အစာရှာပေးတဲ့ ကောင်တွေပဲ - လို့ တွေးမိသတဲ့။ ပြီးတော့ - ငါဟာ ကျားရှာကျွေးတဲ့ အစာကို စားနေမှတော့ ကျားပဲပေါ့ - လို့ တွေးမိပြီး အဲသည့်နေ့က စလို့ သူ့ကိုယ်သူ “ကျားခွေး” လို့ အမည်တပ်လိုက်သတဲ့။
နောက်တော့ ဒီခွေးဟာ ခွေးဖြစ်ပေမယ့် ခွေးအလုပ် မလုပ်ချင်တော့ဘူး။ ကိုယ့်အစာလည်း ကိုယ်ရှာ မစားချင်တော့ဘူး။ အချိန်ရှိသမျှ လတ်လျားလတ်လျားနဲ့ တတောလုံး လျှောက်သွားနေတတ်တယ်။ ဆာရင် ကျားရဲ့ စားကြွင်းကို လိုက်ရှာစားတယ်။ ပြီးရင် လမ်းသလားတယ်။ လမ်းသလားရင်း သွားလေရာ မြင်လေရာမှာ ၀င်ဝင်ပါတတ်တယ်။ နေရာတကာ ၀င်ပါဖန်များတော့ သူ့ကိုယ်သူလည်း ဟုတ်လှပြီ အထင်ရောက်လာတာပေါ့။ ၀င်ပါတိုင်းမှာလည်း သူ့ကိုယ်သူ “ကျားခွေး” လို့ ဖော်ပြောတတ်သေးတယ်။
တနေ့မှာတော့ ကျားရဲ့ စားကြွင်း အရိုးအရင်းကလေး ကိုက်ရင်းနဲ့ ကျားချေးပုံကို နှုတ်သီးနဲ့ တိုးမိသတဲ့။ ကျားခွေးဟာ အစာစားပြီးတော့ နှုတ်သီးနဲ့ ခေါင်းမှာ ပေနေတဲ့ ကျားချေးကို ရေဆေးဖို့ စမ်းချောင်းဖက်ကို ထွက်လာခဲ့တယ်။ စမ်းချောင်းနား ရောက်တော့ ယုန်ကလေး တအုပ်ဟာ ကျားချေးနံ့ ရလို့ သုတ်ခနဲ ထွက်ပြေး သွားကြတယ်။ တခါ ရေစပ်နား ရောက်တော့ ရေသောက်နေတဲ့ သမင်ကလေးနှစ်ကောင်ကလည်း ကျားချေးနံ့ ရလို့ ရုတ်ခနဲ ထွက်ပြေး သွားကြပြန်တယ်။
ဒါကို မြင်တဲ့ ကျားခွေးဟာ သူ့ကိုယ်သူ အတော် အထင်ကြီးသွားတယ်။ - ကြည့်စမ်း၊ ဒီကောင်တွေ အရင်က ဒီလို ထွက်မပြေးဘူး။ အခု ငါ့ကို မြင်တာနဲ့ ထွက်ပြေးကြတယ်။ ငါဟာ ကျားတွေ ရှာကျွေးတဲ့ အစာကို နေ့တိုင်း စားနေရတဲ့ ကျားခွေးမိုလို့သာ ဒီကောင်တွေ ထွက်ပြေးတာ ဖြစ်ရမယ် - လို့ တွေးသတဲ့။ အဲဒီ အချိန်မှာပဲ စမ်းချောင်းဆီကို ဆင်းလာတဲ့ အခြား ခွေးတအုပ်ဟာ ကျားချေးနံ့ရလို့ စူးစူးဝါးဝါး အော်ပြီး နောက်ပြန် လှည့်ပြေးကြပြန်ရော။ ဒါကို မြင်တော့ ကျားခွေးဟာ - ဒီကောင်တွေလည်း ငါ့ကို ကြောက်ကုန်ကြပါလား၊ ငါက ကျားနဲ့များ တူနေပြီလား - လို့ တွေးပြန်သတဲ့။
ကျားခွေးဟာ နှုတ်သီးကို ရေဆေးဖို့ စမ်းချောင်းထဲ ခေါင်းထိုးလိုက်တဲ့ အခါ ရေထဲမှာ သူ့ပုံကို သူမြင်ရတာပေါ့။ နှုတ်သီးနဲ့ ခေါင်းမှာ ပေနေတဲ့ ကျားချေးတွေက အချိန် နည်းနည်းကြာသွားပြီ ဆိုတော့ ခြောက်ပြီး ကပ်နေကြပြီ။ သူ့မျက်နှာဟာ အရင်လို မဟုတ်တော့ဘူး။ ကျားချေးခြောက်တွေ ကပ်ပြီး ပြဲကားကား ဖြစ်နေတယ်။ ဒါကို မြင်တော့ ခွေးဟာ အလွန့်အလွန် ၀မ်းသာ သွားတော့သတဲ့။ - ကြည့်စမ်း။ ငါဟာ တကယ်ပဲ ကျားပုံ ပေါက်သွားပြီပဲ - လို့ ဆိုပြီး ၀မ်းသာအားရနဲ့ တတောလုံး နှံ့အောင် လျှောက်ပြေးတော့တယ်။
သူပြေးတဲ့ နေရာတလျှောက်မှာ ကျားချေးနံ့က တထောင်းထောင်း ဆိုတော့ အခြား သတ္တ၀ါတွေက လန့်ပြီး ပြေးကုန်ကြတာပေါ့။ ဒါကို မြင်လေ ခွေးက သူ့ကိုယ်သူ အထင်ကြီး ၀မ်းသာလေ ဖြစ်တော့တာပါပဲ။ ကျားခွေးဟာ တတောလုံး လှည့်ပြီး ထွန့်ထွန့်တက်အောင် လူးလိမ့်နေတော့တယ်။ နောက်ဆုံးမှာ ကျားခွေးဟာ သစ်ငုတ်တခုပေါ် တက်ပြီး ကျားလို အားရပါးရ ဟိန်းလိုက်သတဲ့။
ဒါပေမယ့် ထွက်လာတဲ့ အသံကတော့ ကျားဟိန်းသံ မဟုတ်ဘဲ “အူး” ဆိုတဲ့ ခွေးအူသံ ပါပဲတဲ့။
=== === ===
ဒီပုံပြင်ထဲက ကျားခွေးလို အကောင်တကောင်ဟာ “သခင်ပြေငြိမ်းအေး” ဆိုတဲ့ နာမည်နဲ့ ဟန်းဂုရွာထဲမှာ လာ “အူ” နေတာ အတော်ကြာပါပြီ။ တော်တော်တန်တန် ပြောချင်တာ ပြောပါစေ ဆိုပြီး မသိကျိုးကျွံ လုပ်ထားပေမယ့် တစတစ လွန်လာလို့ ဒီစာနဲ့ ပြင်းပြင်းထန်ထန် သတိပေး ဒဏ်ခတ်လိုက်တယ်။
၁။ မင်း ဘယ်သူလဲ ဆိုတာ ငါ သိတယ်။ မပြောချင်လို့ ကြည့်နေတာ။ မင်းရေးနေတာတွေ ရပ်တန်းက ရပ်ပါ။ နောက်တခါ မမြင်ချင်ဘူး။
၂။ ကိုရီးယားမှာ “ဟန်းဂုရွာ” ဘလော့လုပ်ပြီး အများသူငါ သတင်းနဲ့ ဖတ်စရာတွေ ရရှိဖို့ လုပ်နေတာဟာ မင်းလိုကောင် လာအူဖို့ မဟုတ်ဘူး။
၃။ “သခင်” လို့ မင်းကိုယ်မင်း အမည်တပ်ထားတာဟာ ပုံပြင်ထဲက “ကျားခွေး”လို့ အမည်တပ်တာနဲ့ အတူတူပဲ။ (သခင် ဝေါဟာရ အဓိပ္ပာယ်ကတော့ မင်းနဲ့ မထိုက်တန်လို့ ရှင်းမပြနိုင်ဘူး။)
၎။ ကလောင်ကိုင်တဲ့ လက်ဟာ လိုအပ်ရင် လက်သီးရော လက်နက်ရော ကိုင်ဖို့ ၀န်မလေးဘူး ဆိုတာ သဘောပေါက်ထားပါ။
Tuesday, April 5, 2011
ကျားခွေး တကောင်သို့ သတိပေးချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment