၂၀၁၁ခုနှစ် ဧပြီလ ၇ ရက်နေ့(ကြာသပတေးနေ့)နှင့် ၈ ရက်နေ့(သောကြာနေ့)များတွင် မိုးရွာသွန်းနိုင်သည်ဟု မိုးလေ၀သ သတင်း ကြေငြာခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် နျူကလီးယားဓာတ်ရောင်ခြည်များ စိမ့်ထွက်ခဲ့ရာ ယခုရက်ပိုင်းအတွင်း ကိုရီးယားနိုင်ငံ အနှံ့အပြား ရေဒီယိုဓာတ်သတ္တိကြွမှုများ အဆက်မပြတ် မြင့်တက်လျှက် ရှိနေသည်ဟု သိရပါသည်။ ထို့ပြင် ဂျာမဏီနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဌာနက ဂျပန်နိုင်ငံ ဟူခူရှီးမား အရှေ့မြောက်ဖက်တလျှောက် ကိုရီးယားနိုင်ငံတောင်ဘက် ကမ်းရိုးတန်းပင်လယ်တွင် ပြင်းထန်သော ရေဒီယိုသတ္တိပြန့်နှံ့မှု ဖြစ်ပွားပြီး ဒယ်ဂူး၊ ဂွမ်ဂျူး၊ ဒယ်ဂျောန် အစရှိသော တောင်ပိုင်းဒေသ အများစုနှင့် ကိုရီးယားနိုင်ငံ အနှံ့အပြားတွင် သက်ရောက်မှု ရှိလိမ့်မည်ဟု ခန့်မှန်းထားရာ ကိုရီးယားပြည်သူများအကြား ထိုနေ့တွင် ရွာသွန်းမည့် မိုးသည် အက်ဆစ်မိုးဖြစ်နိုင်သည်ဟု အထိတ်တလန့် ဖြစ်နေကြသည်။ ထို့ကြောင့် မိုးရွာသွန်းချိန်များတွင် အထူးသတိပြုရန် လိုအပ်ပါသည်။ မဖြစ်မနေ အပြင်ထွက်ရန် လိုအပ်ပါက အောက်ပါ အချက်များကို လိုက်နာပါ။
လိုက်နာရန် အချက်များ
၁။ မိုးရွာသွန်းချိန်တွင် မဖြစ်မနေ အပြင်ထွက်ရပါက အိမ်သို့ အမြန်ပြန်ပြီး စင်ကြယ်စွာ ရေချိုးရန်နှင့် ဖြစ်နိုင်လျှင် လုံးဝ အပြင်မထွက်သင့်ပါ။

၂။ လုံးဝ မိုးရေ အထိမခံပါနှင့်။ ဂျပန်နိုင်ငံတွင် ကလေးငယ်တစ်ဦး အပြင်တွင် ဆော့ကစားနေရာမှ အိမ်ပြန်ရောက်ပြီး လူးလှိမ့်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

၃။ အပြင်ထွက်ရပါက မိုးရေမစိမ့်နိုင်သော အ၀တ်များကိုသာ ၀တ်ဆင်ပါ။ တောင်တက်ရာတွင် အသုံးပြုသော မိုးကာအင်္ကျီ ၀တ်လျှင် ပိုကောင်းပါသည်။ မရှိပါက မိုးကာအင်္ကျီ ၀တ်လျှင်လည်း ရပါသည်။

၎။ မိုးရေ မ၀င်နိုင်သည့် ရေစိုခံ တောင်တက် ဖိနပ်ဖြစ်စေ၊ ရာဘာခြေစွပ်ဖိနပ်ကိုသာ စီးနင်းပါ။

၅။ အပြင်ထွက်လျှင် ဦးထုပ်ဆောင်း၍ ပလပ်စတစ်လက်အိပ် (သို့) သားရေလက်အိပ် အသုံးပြုပါ။

၆။ အိမ်ပြတင်းပေါက်များရှိ ရေစိမ့်ဝင်နိုင်သော နေရာများကို တိပ်ဖြင့်ဖြစ်စေ လုံခြုံစွာ ပိတ်ဆို့ထားပါ။

၇။ အိုင်အိုဒင်းဓာတ် ကြွယ်ဝသော အစားအစာများကို စားသုံးပါ။

၈။ မျက်မှန် (သို့) နေကာမျက်မှန်ကို မဖြစ်မနေ အသုံးပြုပါ။

၉။ အရေပြားကို လုံခြုံမှု ရှိစေမည့် အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။

ကိုရီးယားနိုင်ငံအတွင်း လက်ရှိ ရေဒီယိုသတ္တိကြွမှုအခြေအနေကို သိလိုလျှင် ကလစ် ပါ။
1 comment:
မိုးရွာရင် မိုးရေချိုးမယ်။ မှေမှေလာရင် နို့စို့မယ်။ ပေပေလာရင် အုန်းသီးခွဲစားမယ်။ အဟဲ သီချင်းဆို၍ ငိုရသည် ဖြစ်တော့မှာပဲ-
မိုးရေဆိုတာ သန့်တယ်ဆိုပြီး ကျနော်တို့ရွာမှာ ဘုရားသောက်တော်ရေ တင်တာဗျ။ ဂျပန်လုပ်ကာမှ ငါးပါးမကဘူး သံဃာစင်ပါ မှောက်တော့မှာပဲ။
Post a Comment