ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတို့၏ အသက်မွေးဝမ်းကျောင်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်လျက် MWFF နှင့် ဓမ္မဒူတ ယဉ်ကျေးမှုအသင်းတို့ ညှိနှိုင်းချက်အရ ၊ လာမည့် ဇွန် ၅ ရက် တနင်္ဂနွေနေ့ ၁၂ နာရီ အချိန်မှ အစပြု၍ ဗီဒီယို ရိုက်ကူး တည်းဖြတ်သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည် ။
သင်တန်းမှာ ၁ လ (တနင်္ဂနွေ ၄ ပတ်) သင်တန်းဖြစ်ပြီး ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းဆိုင်ရာ အခြေခံ သဘောတရားနှင့် ဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းနှင့်ပတ်သက်၍ သိထားရမည့် အခြေခံ အချက်အလက်များကို ဓမ္မဒူတ (ကိုရီးယား)တွင် သင်တန်းပတ် ၂ ပတ်ကြာ ပို့ချသွားမည်ဖြစ်ပြီး ၊ လက်တွေ့ရိုက်ကူးခြင်း နှင့် တည်းဖြတ်ခြင်းသင်တန်းကိုမူ ဂျူးအန် ရုပ်ရှင် စတူဒီယိုတွင် လက်တွေ့ ပို့ချသွားမည်ဟု ဆိုသည် ။
ဗီဒီယိုကင်မရာ နှင့် ကွန်ပြူတာ အစရှိသည့် သင်တန်းအထောက်အကူပြုပစ္စည်းနှင့် သင်တန်းနေရာ အကန့်အသတ်ကြောင့် သင်တန်းသား ၇ ဦးကိုသာ ဦးရာလူစနစ်ဖြင့် လက်ခံ သင်ကြားပေးသွားမည်ဟု သင်တန်းစီစဉ်သူများက ဟန်းဂုရွာသို့ ပြောသည် ။
စိတ်ပါဝင်စားသူများ ၀၁၀-၂၃၃၁-၂၄၅၇ ထံ မေ ၃၁ ရက် (အင်္ဂါနေ့) နေ့လည် ၁၀ နာရီမတိုင်မှီ စာရင်းပေးသွင်းကြရန် သက်ဆိုင်ရာက နှိုးဆော်ထားပါသည် ။
Monday, May 30, 2011
ဓမ္မဒူတ ဗီဒီယိုရိုက်ကူး တည်းဖြတ်သင်တန်းဖွင့်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment