Monday, May 16, 2011

လူထုအခြေပြု အဖွဲ့အစည်း သဘောတရားသင်တန်း မေ ၂၂ ရက်နေ့ လေ့လာရေးခရီးအစီအစဉ်

မြန်မာ့အရေး စိတ်ပါဝင်စားသူများ ကိုရီးယားများနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ညှိနှိုင်းချက်အရ လူထုအခြေပြုအဖွဲ့ အစည်းဆိုင်ရာ သဘောတရားသင်တန်းကို ဆောင်းဂုံဟွဲ တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိရာ ၊ ယခုလာမည့် မေလ ၂၂ ရက်နေ့တွင် လက်တွေ့ကွင်းဆင်း လေ့လာရေးအစီအစဉ်အဖြစ် ဂွါန်ဂျူးမြို့တော်(Gwangju Metropolitan City) သို့ သွားရောက် လေ့လာကြမည်ဖြစ်ကြောင်း သိရသည် ။

၁၉၈၀ခုနှစ် မေလ ၁၈ရက်နေ့ ဂွါန်ဂျူးလူထုတိုက်ပွဲအတွင်းကျဆုံးသွားသော ကျောင်းသား မိခင်များအသင်း (မေလ မိခင်အသင်း)၏ အထူး ဖိတ်ကြားမှုဖြင့် သွားရောက်ကြမည်ဖြစ်ကြောင်း ၊ သင်တန်းသားများမဟုတ်သော်လည်း အဆိုပါအစီအစဉ်ကို စိတ်ပါဝင်စားပါက သင်တန်းသားများနှင့်အတူ လိုက်ပါနိုင်ကြောင်း ၊ လိုက်ပါလိုသူများအတွက် ကြိုပို့ယာဉ် ကြိုတင် ပြင်ဆင်ရမည်ဖြစ်ရာ ၊ မေလ ၁၉ ကြာသပတေးနေ့ ညနေ ၄ နာရီနောက်ဆုံးထားလျက် ၀၁၀-၅၈၄၈-၈၃၅၆ ဦးမြင့်ကျော် ထံ ကြိုတင်စာရင်းပေးကြစေလိုကြောင်း ၊ ခရီးစဉ် စလယ်ဆုံး ကြိုပို့အစီအစဉ်နှင့် နေ့လည်စာကို မေလ မိခင်များအသင်းက တာဝန်ယူထားကြောင်းနှင့် ခရီးအစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါသည် -

ခရီး ရက်စွဲ
၂၀၁၁ မေလ ၂၂ ရက် ၊ တနင်္ဂနွေနေ့

စထွက်မည့်အချိန်
နံနက် ၇ နာရီ ၃၀ မိနစ်

စုရပ်
ဘူချောန်းဘူတာ (Bucheon Station) တောင်ဖက် ၊ ရွှေမြန်မာဆိုင်ရှေ့

No comments: