Saturday, May 21, 2011

မြန်မာသင်္ဘောသား တစ်ဦးကို ဖိုဟန်ဆိပ်ကမ်းရဲက ဖမ်းလိုက်ပြီ

ပေးပို့သူ — မလေးလေးမွန်

ဖိုဟန်ဆိပ်ကမ်းလုံခြုံရေးရဲတပ်ဖွဲ့သည် မေ ၁၈ ရက်နေ့က ကုန်တင်သင်္ဘောအတွင်း တာဝန်ထမ်းဆောင် ရာတွင် မကျေနပ်ချက် ရှိသည်ကို အကြောင်းပြု၍ မိမိအထက်အရာရှိအား သေစေနိုင်သောကိရိယာဖြင့် ထိုးပြီး ထိခိုက်ဒဏ်ရာ ရစေခဲ့သည့် မြန်မာနိုင်ငံဖွား အသက် ၂၆ နှစ်ရှိ ကိုအေ (A 씨) အား ဖမ်းဆီးမိန့် လျှောက်ထား ဖမ်းဆီးလိုက်ကြောင်း သိရသည် ။

ကိုအေသည် လွန်ခဲ့သော ၁၂ ရက်နေ့ ည ၁၀ နာရီခန့်က ဖိုဟန်မြို့ ဒေဘို ဆိပ်ကမ်း အရှေ့တောင် အရပ် မိုင် ၆၀ အကွာတွင် ဂျယ်ဂျူးကုန်တင်သင်္ဘော ကေ (တန်ချိန် ၂၁၀၀) ရှိ သင်္ဘောသားများ အိပ်ခန်းအတွင်း တိတ်တဆိတ် ဝင်အိပ်နေသည့် ပထမတန်း အရာရှိ မစ္စတာ ပီ (P씨) ၅၅ နှစ်၏ လည်ပင်းကို သေစေနိုင်သော ကိရိယာဖြင့် ထိုးပြီး ထိခိုက်ဒဏ်ရာရစေခဲ့သည်ဟု ဆိုပါသည် ။
ရဲစစ်ချက်အရ ၊ ကိုအေသည် တာဝန်ထမ်းဆောင်ရသည်ကို မကျေနပ်သည့်အတွက် အထက်အရာရှိကို သေစေရန် အကြံအစီဖြင့် သေစေနိုင်လောက်သည့် ကိရိယာဖြင့် ထိုးသတ်ခဲ့ကြောင်း ၊ သို့ရာတွင် အခင်းဖြစ်စဉ်တွင် အခန်းတွင်း မှောင်မဲနေသည့်အတွက် လူမှားပြီး အခြားသူအား ထိုးမိသည်ဟု ဆိုပါသည် ။

ဖိုဟန် ကမ်းခြေစောင့်ရဲသည် ကိုအေအား စစ်ဆေးးဆဲဖြစ်ကြောင်း သိရသည် ။

ရည်ညွှန်း -
- http://www.yonhapnews.co.kr/bulletin/2011/05/18/0200000000AKR20110518143100053.HTML?did=1179m

No comments: