ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒီမိုကရေစီနှင့် တိုင်းရင်းသားများအရေး လှုပ်ရှားမှု၏ နိုင်ငံခြားရေးရာ ပူးပေါင်း ဆာင်ရွက်မှုအဖွဲ့ကို ကိုယ်စားပြုသော နိုင်ငံခြားရေးရာဋ္ဌာနမှ အဖွဲ့ဝင်များသည် မြန်မာ့ဒီမိုကရေစီရေး ကိစ္စရပ်များနှင့် တိုင်းရင်းသား ကိစ္စရပ်များကို ကိုရီးယားနိုင်ငံ အစိုးရ၊ အမျိုးသားလွှတ်တော်၊ ကိုရီးယား လူထုအခြေပြု အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန် အတွက် မေလ (၂၅) ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပါသည်။
ကိုရီးယားနိုင်ငံတွင်ရှိသော လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ၊ မြန်မာ့အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများနှင့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသော မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ၍ “မြန်မာ့နိုင်ငံရေး အခြေအနေ ညှိနှိုင်းဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဖြစ်ပေါ်တိုးတက်ရေးကို စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားများ အားလုံး လာရောက် ဆွေးနွေးပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
“မြန်မာ့နိုင်ငံရေး အခြေအနေ ညှိနှိုင်းဆွေးနွေးပွဲ”
ဆွေးနွေးမည့်သူများ
၁။ ဦးမိုးဇော်ဦး (တွဲဖက်အတွင်းရေးမှူး - ၂ )
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
၂။ ဦးသွင်လင်းအောင် (ဒုတိယ အတွင်းရေးမှူး)
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) နိုင်ငံခြားရေးရာ ကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများ အဖွဲ့ချုပ် (ဗကသ) နိုင်ငံခြားရေးရာ ကော်မတီအဖွဲ့ဝင်
ဆွေးနွေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် နေရာ
၂၀၁၁ ခုနှစ်၊ မေလ (၂၉) ရက်၊ တနင်္ဂနွေနေ့
မွန်းတည့် (၁၂း၀၀) နာရီမှ ညနေ (၀၃း၀၀) နာရီ အထိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
ကိုရီးယားဋ္ဌာနခွဲ ရုံးခန်းမဆောင်
No comments:
Post a Comment