Monday, June 6, 2011

စာပေဟောပြောပွဲ ကျင်းပပြီးစီးခြင်းနှင့် ကျေးဇူးတင်မှတ်တမ်း

၂၀၁၁ ကိုရီးယား စာပေဟောပြောပွဲကို ဇွန် ၅ ရက်နေ့ မွန်းလွဲပိုင်းက ပူချွန်းမြို့ ဘို့ဆာဂိုလ်သဘင် ခန်းမတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ စာပေပွဲသို့ ကိုရီးယား ဒေသအသီးသီးမှ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ပြီး ဆရာ အော်ပီကျယ်က “ရေကြည်ရာ မြက်နုရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာ ဖေမြင့်က “စာဖတ်ခြင်းဖြင့် ဘ၀တိုးတက်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြပါသည်။

စာပေပွဲသို့ စိတ်ပါဝင်စားစွာ ကြွရောက်လာသည့် ဆရာတော် သံဃာတော်များနှင့် ရပ်ဝေးရပ်နီးမှ စာပေချစ်သူ ပရိသတ်များကို ကျေးဇူးတင်ပါသည်။

စာပေပွဲ အခမ်းအနားတွင်
- ကူညီ ပြင်ဆင်ပေးကြသည့် ဦးတင်ယဉ်နှင့် လူငယ်များ
- စည်းကမ်းနှင့် သိမ်းဆည်းပေးသည့် ဦးခင်မောင်ရင်နှင့် အဖွဲ့ချုပ်လူငယ်များ
- အအေးနှင့် မုန့်ဖြင့် ဧည့်ခံသည့် အဖြူရောင် မေတ္တာ လူငယ်များအဖွဲ့
- ဓာတ်ပုံမှတ်တမ်း ရဲနိုင်ဝင်း၊ ၀င်းထွန်း၊ ဘကြီးနှင့် ကောင်းဆက် တို့အဖွဲ့
- ရုပ်သံမှတ်တမ်း နေလင်း၊ မြင့်ကျော်၊ ထွန်းထွန်း တို့အဖွဲ့
- စာအုပ်အရောင်း နှင့် ဘာသာပြန် မသိမ့်သိမ့်အောင် နှင့် မကေခိုင်စိုး
- ရုပ်သံတာဝန်ခံ ကိုရဲမြင့်
- ကဗျာရွတ်ဆိုပေးသည့် မသက်စံနှင်း
- အခမ်းအနားမှူး ကိုဘိုဘိုနှင့် မပီးသဲ
တို့ကို ကျေးဇူးတင်ရှိပါသည်။

ခန်းမနေရာ အကူအညီပေးသည့်
- 부천문화재단 Bucheon Cultural Foundation နှင့် ဘို့ဆာဂိုလ် သဘင်ခန်းမမှ ၀န်ထမ်းများကို ကျေးဇူးတင်ပါသည်။

ပွဲအတွက် ငွေအားဖြင့် ကူညီပေးကြသည့်
- 아름다운재단 Beautiful Foundation
- စကားဝါ မိသားစု
- မြန်မာသူကြီး မိသားစု
- အမေ့အိမ် မိသားစု
- ရွှေမြင့်မိုရ် မိသားစု
- Naing Crown
- Ace Computer
တို့ကို ကျေးဇူးတင်ပါသည်။

ယခုကဲ့သို့ စာပေပွဲ ဖြစ်မြောက်ရေး အတွက် စိတ်အား လူအား ငွေအားဖြင့် အဖက်ဖက်မှ ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် စာပေကော်မတီတွင် အဖွဲ့ဝင်များ အဖြစ် ပါဝင်သည့်-

ကိုရီးယား အခြေစိုက် စာပေ၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

စာပေပွဲ ကျင်းပရေး ကော်မတီ

No comments: