Sunday, June 26, 2011

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာသင်တန်း ` အမှတ်စဉ်(၃) ပြီးဆုံး၊ အမှတ်၎ ဆက်ဖွင့်မည်

ရေးသားသူ — ပြည်တော်ဦး
ဘူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ကိုရီးယားလူမျိုး ယောဂီများအတွက် တပတ်လျှင် တစ်ကြိမ်စီဖြင့် (၁၁)ကြိမ် တိတိ ပို့ချသင်ယူခဲ့ကြသော “ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော်” သင်တန်း အမှတ်စဉ် (၃) ကို (၁၂-၆-၂၀၁၁) တနင်္လာနေ့က အောင်မြင် ပြီးမြောက်၍ အဆုံးသတ်ခဲ့ပါသည်။ သင်တန်းတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို အခြေခံမှစ၍ လက်တွေ့ဝိပဿနာ တရား ကျင့်သုံးနိုင်သည်အထိ အောက်ပါခေါင်းစဉ်များဖြင့် ပို.ချ သင်ယူခဲ့ကြပါသည်-
၁။ ရတနာ သုံးပါး
၂။ ဗုဒ္ဓဘာသာ
၃။ ကံနှင့် ကံ၏အကျိုးတရား(၁)
၎။ ကံနှင့် ကံ၏အကျိုးတရား(၂)
၅။ ပဋိစ္စသမုပ္ပါဒ် နှင့် သံသရာ
၆။ ဗုဒ္ဓဘာသာ၏ အနှစ်သာရ
၇။ သစ္စာ (၄) ပါး
၈။ မဂ္ဂင် (၈)ပါး
၉။ သတိပဋ္ဌာန်တရား(၄)ပါး
၁၀။ ဝိပဿနာတရားတော်
၁၁။ ပရိကမ် ။

သင်တန်းအမှတ်စဉ် (၄) ဆောင်းဦး သင်တန်းကို ယခုနှစ် (၉)လပိုင်း၌ ပြန်လည် စတင် ဖွင့်လှစ်မည် ဖြစ်ရာ စိတ်ပါဝင်စားသူများ ပြည်တော်ဦးသို့ ဆက်သွယ်နိုင်ပါသည်။

--
ကိုယ်စိတ် ချမ်းမြေ့ တရားမွေ. တွေ. သိနိုင်ပါစေ။
သင်သိ ကျင့်သိ ထိုးထွင်းသိ အသိ စုံပါစေ။
သာသနာ အကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။
(ပြည်တော်ဦး)
ပြည်တော်ဦး မြန်မာ-ကိုရီးယား ဗုဒ္ဓသာသနာ့ရိပ်မွန်
MAY ALL YOU BE HEALTHY, HAPPY AND WEALTHY ENOUGH.

No comments: