ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ကျောင်းထိုင်ဆရာတော် တင်မြောက်ပွဲနှင့် အီရှင်းမ်ဂျောင်ဂုံ၊ ဂင်ဖို နာဂျု ရွှေညီအကိုများ၏The summer holidays အလှူပွဲတော်ကို (၃၁.၇.၂၀၁၁) တနင်္ဂနွေနေ့တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ပါသည်။အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်များနှင့် ဧည့်ပရိသတ်တို့အား အလှူရှင်များက အရုဏ်မုန့်ဟင်းခါးနှင့် နေ့ဆွမ်း ဒံပေါက်ထမင်းတို့ဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ပါသည်။ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ ကျောင်းထိုင်ဆရာတော်တင်မြောက်ပူဇော်ပွဲ အခမ်းအနား၌ ဓမ္မဒူတ ကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒကနှင့် ဦးကိတ္တိသာရ ၊ဒယ်ဂူးမြို့ စိတ္တသုခ မြန်မာကျောင်းအရှင်ဝိစိတ္တ၊ ဆိုးလ်မြို့ အရှင်သုဝဏ္ဏ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် လက်ထောက်ဆရာတော် အရှင်ဥတ္တရတို့မှ ၀မ်းမြောက်စကား မိန့်ကြားတော်မူကြပြီး၊ကျောင်းထိုင်ဆရာတော် ပရဟိတ အရှင်သုမင်္ဂလ (ဝေါ ဆရာတော်)မှ ရေစက်ချ အနုမောဒနာတရားချီးမြင့်ခဲ့ပါသည်။အီရှင်းမ်ဂျောင်ဂုံ၊ဂင်ဖို နာဂျု ရွှေညီအကိုများမှ ကျောင်းတော်ကြီးအတွက် ထာဝရငွေပဒေသာပင်ဝမ်(၅၀၀၀၀၀) ငါးသိန်း၊ပင့်သံဃာဆရာတော်တို့အား ၀မ်(၁၀၀၀၀၀)တသိန်းစီနှင့်ဓမ္မဒူတကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တရားဟော စက်ကြိယာများကို လှူဒါန်းပူဇော်ခဲ့ပါသည်။ အလှူပွဲတော်ကြီးသို့ ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာအများအပြားကြွရောက် အားပေးခဲ့ကြပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးအနေဖြင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ပိုမို၍ တိုးတက်လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်းနှင့် ကျောင်းတော်ကြီး ရေရှည်တည်တံ့နိုင်ရန်အတွက် အလှူရှင်များမှဝိုင်းဝန်းကူညီ လှူဒါန်းထောက်ပံ့၍ ကုသိုလ်တရားပွားများနိုင်ပါကြောင်း အသိပေးနိုးဆော်အပ်ပါသည်။
ဆရာတော်နှင့်ကျောင်းအကျိုးတော်ဆောင်များ။
Friday, August 5, 2011
(၃၁.၇.၂၀၁၁) မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အလှူမှတ်တမ်းများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment