Wednesday, August 17, 2011

အဆို အနုပညာနဲ့ အသက်မွေးလိုသူများကို ဖိတ်ခေါ်ပါတယ်

ရေးသားသူ — စိုးမိုးသူ
အပေါ်က ပိုစတာက
ကိုရီးယားမှာ နိုင်ငံစုံ ရွှေ့ပြောင်းသူများ ပေါင်းစုံ ဖွဲ့စည်းထားတဲ့
တေးသံစုံအဖွဲ့ဝင် ရွေးခြယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်တဲ့ ပိုစတာပါ။

အဲဒီအဖွဲ့ဟာ ကိုရီးယားအပါအ၀င် နိုင်ငံတကာကို လှည့်လည် သီဆိုဖျော်ဖြေမယ့် အဖွဲ့ ဖြစ်ပါတယ်။ အဖွဲ့ဝင်အဖြစ် ရွေးခြယ်ခံရတဲ့သူဟာ ၄လတာ အစမ်းခန့် အဖွဲ့ဝင်အနေနဲ့ နေ့စဉ် တပတ်၅ရက် ရုံးတက်ကာ သီချင်းနဲ့ အကကို လေ့ကျင့်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် လစဉ် လစာငွေကို ရရှိမှာ ဖြစ်ပါတယ်။
အစမ်းခန့် အဖွဲ့ဝင်ဟာ အစမ်းခန့်ကာလအတွင်း ၂လတကြိမ် ပြုလုပ်မယ့် စစ်ဆေးပွဲ ၂ကြိမ်စလုံး အောင်မြင်ပြီးပါက အတည်အဖွဲ့ဝင်ဖြစ်မှာ ဖြစ်ပါတယ်။ အတည်အဖွဲ့ဝင်ဖြစ်ပြီးသူဟာ အစမ်းခန့်ကာလထက် ပိုမိုတဲ့ လစာနဲ့ အခြား ခံစားခွင့်တွေကို ရရှိမှာဖြစ်သလို၊ ဗီစာပိုင်းဆိုင်ရာ အခက်အခဲ ကိုလည်း(ဖျော်ဖြေရေးဗီစာ E6ရရှိအောင်) ဖြေရှင်းပေးမှာဖြစ်ပါတယ်။
ပါဝင်လိုသူများအနေနဲ့
၁) တပတ်၅ရက် အလုပ်ဆင်းနိုင်ခြင်း
၂) တရားဝင်ဗီစာရှိထားခြင်း
၃) အသက်အကန့်အသတ်မရှိပေမယ့် ကိုရီးယားဘာသာအတန်ငယ်တတ်ကျွမ်းဖို့လိုခြင်း
တို့ ပြည့်စုံဖို့ လိုအပ်ပါတယ်။
ကိုရီးယားရောက်မြန်မာနိုင်ငံသားများအနေနဲ့ အီးပီစနစ်အောက် အလုပ်သမားမဟုတ်သူများသာ ပါဝင်နိုင်မယ်လို့ ယူဆပါတယ်။
အီးပီစနစ်အောက် အလုပ်သမားဟာ သတ်မှတ်ပေးထားတဲ့ အလုပ်မဟုတ်တဲ့ အခြားအလုပ်အမျိုးအစားကို လုပ်ခွင့်မရှိတာကြောင့်ပါ။

လျှောက်ထားလိုသူများအနေနဲ့ လျှောက်လွှာကို http://www.noridan.org/blog/notice/90
တွင် ဖောင်ကို ဒေါင်းလုပ် ပြုလုပ်ဖြည့်စွက်ကာ အီးမေးလ် iiachorus@noridan.org သို့ သြဂုတ်လ ၁၉ရက်နေ့ အထိ ပေးပို့ နိုင်ပါကြောင်း။

No comments: