Wednesday, August 24, 2011

အလုပ်ရှာခွင့်ဗီဇာ (Job Seeker Visa: D-10) လျှောက်ထားခွင့်ရှိခြင်း

ကိုရီးယားနိုင်ငံ သို့ ပညာတော်သင်အဖြစ် ရောက်ရှိလာပြီး ၊ ၄င်းနောက် ဘွဲ့ရ ၊ ကိုရီးယားနိုင်ငံတွင် သင့်တော်မည့် အလုပ်တစ်ခုခု ရရှိရေးအတွက် ဘာဆက်လုပ်ရမည်ကို မသိကြသေးသည့် မြန်မာမိတ်ဆွေများကို မကြာခဏတွေ့ရပါသည် ။

ထိုထို ပုဂ္ဂိုလ်များအတွက် ကိုရီးယားအစိုးရက အလုပ်ရှာခွင့်ဗီဇာ (Job Seeker Visa: D-10) တီထွင်ပြဋ္ဌာန်းပေးကြောင်း ၊ ပြည်ပဘွဲ့ရ ဘွဲ့လွန်ကျောင်းသားများကိုလည်း ခွင်ပြုရန် စီစဉ်နေကြောင်း သိရသည် ။

ကိုရီးယားနိုင်ငံမှ ဘွဲ့ရရှိထားသူများ (those who have a Korean university graduate degree) အနေဖြင့် D-2 (Student/유학), သို့မဟုတ် D-4 (General trainee/일반연수) မှ D-10 Visa အဖြစ် ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ၊ visa သက်တန်း ၆ လ ရရှိနိင်ကြောင်း ၊ မူလ ဗီဇာ သက်တန်း ကုန်သွားပါကလည်း ကိုရီးယားနိုင်ငံသို့ ၃ နှစ်ဆက်တိုက် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ရှိသည့် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) လျှောက်ထားနိုင်ကြောင်း ၊ အလုပ်ရရှိပါက ရရှိသည့် အလုပ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဗီဇာ အမျိုးအစားသို့ ပြောင်းရမည်ဟု ဆိုပါသည် ။
လျှောက်ထားရန် အောက်ပါ စာရွက်စာတမ်းများလိုအပ်သည်ဟုဆိုသည် -
- 신청서 (လျှောက်လွှာ)
- 여권 (နိုင်ငံကူး လက်မှတ်)
- 외국인등록증 (နိုင်ငံခြားသားကပ်)
- (여권) 사진 (ပတ်ပို့ဓါတ်ပုံ)
- 학력/성적증면서/계획서 (ဘွဲ့လက်မှတ် ၊ အကျင့်စာရိတ္တထောက်ခံချက် ၊ အလုပ်ရရှိရေး အစီအစဉ်)
- 수수료 (6만원) (တံဆိပ်တော်ခွန် ဝမ် ၆ သောင်း)

အသေးစိတ် သိလိုပါက ကိုရီးယား အနီးဆုံးလူဝင်မှုကြီးကြပ်ရေးရုံး Phone-1345 (ရှေ့တွင် ဒေသဆိုင်ရာ တယ်လီဖုန်းကုဒ်နှိပ်ရန်) ထံဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရပါသည် ။

အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

2 comments:

ganho said...

ဒီ D -10 Visa ကို သေချာရှင်းလင်းချက်မှာ ကျတော် တခု လောက်သိချင်တာလေး မေးမြန်းပါရစေခင်ဗျား
ဘွဲ့မရင် D -10 လျောက်လို့မရဘူးလား ဆိုတာပါ.....
ကျတော် ကိုးရီးယားကို သွားမလို့စိတ်ကူးပြီး ဘာသာစကားလည်း တော်တော်လေးသင် ကြားခဲ့ပြီးပါပီ
2008 ကတည်း စာမေးပွဲဖြေဆိုခဲ့တာပါ အမျိုးမျိုးကြောင့် ကြာနေခဲ့ပါတယ်။ ဒီ ဟန်းဂုရွာကို ဖတ်ရလို့ လည်း အရမ်းလူကြီးမင်းတို့ကို ကျေးဇူးတင်ပါတယ်။ခင်ဗျား
ကျောင်းတက်ဖို့လည်းကြိုးစားခဲ့ပါသေးတယ်။ မအောင်မြင်ပါဘူး။ ဒါကြောင့် ကျောင်း သော်လည်းကောင်း ဘယ်လိုသွားရောက်နိင်မယ်ဆိုတာ သိချင်ပါတယ်...
ကျေးဇူးတင်ပါသည်....

Unknown said...

ကျတော် တခု လောက်သိချင်တာလေး မေးမြန်းပါရစေခင်ဗျား eps tpoik အောင်ထားသော
visa များကို ကော korea မှာဘဲ ဘယ်လိုမျိုးလုပ်လို.ရပါသလဲခင်ဗျာ
မြန်မာပြည်ပြန်.စာမေးပွဲပြန်ဖြေဆိုရင် သိပ်ပြီးအဆင်မပြေဘူးလို.ထင်ပါတယ်...
အခုဘယ်လိုမျိုးလုပ်ငန်းတွေက မြန်မာတွေကို ကို အခေါ်များမှာပါသလဲ.(အတိအကျ မဆိုလိုပါခင်ဗျာ)
အလုပ်အကိုင်ပြောများပြီး ခေါ်ယူမှု.များသော မြို.နယ်များကို လည်းပြောပြပေးပါ ဗျာ..ကျေးဇူးလည်းတင်ပါတယ်.အလုပ်လည်းလုပ်ချင်လို.ပါ. ၁၉.၁၁. ၂၀၁၁ ဆိုရင်ဖောင်ပြန်တင်ရပြီမို.လု.ိပါဗျာ ကွန်တော.g-mail ကို လည်း ပို.ပေးလု.ိရပါတယ်
kothetmyoaung@gmail.com ပါ...ကျေးဇူးတင်ပါတယ်