Thursday, November 10, 2011

unplugged live ခံစားနိုင်ပါပြီ

ရေးသားသူ — တို့ပိုင်တဲ့မြေ

ချစ်ခင်ရသော ညီအကိုမောင်နှများကို သတင်းကောင်းလေး ပါးပါရစေ။
စာသင်ခန်းနဲ့ လုပ်ငန်းခွင်တွေထဲမှာ ဖိစီးခံရတဲ့ စိတ်တွေပြေပျောက်သွားစေဖို့ . ကုန်ခမ်းသွားတဲ့ အားအင်တွေကို တိုးပွားလာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့သန့် ရှင်းလတ်ဆတ်သော တောစာ တောင်စာလေးတွေကို ပြင်ဆင်ချက်ပြုတ်ထားပါတယ်။ အရသာထူးကဲသော အစားအစာများနဲ့အတူ ဂီတချစ်မြတ်နိုးသူများအတွက် unplugged live ကိုလဲ အသင့်တီးခတ် သီဆိုနိုင်ရန် ပြင်ဆင်ထားပါတယ်။ အချစ်သီချင်းချိုချို လေးများ ဘ၀သီချင်းချိုချို လေးများကို သက်တောင့်သက်သာ တီးခတ်သီဆိုရင်း အပမ်းဖြေ စားသောက်နိုင်မဲ့  ဒီအပတ် MENU ထဲမှာ ခေါင်းတရာသားချက် အမဲဥဏှောက်ကြော် ငါးဖယ်ကြော်သုတ် တို့ နဲ့ အတူ မြောင်းမြမုန့် ဟင်းခါးကို ဘူးသီးကြော် ငါးဖယ်ကြော် ပူပူ လေးများနဲ့ အတူသုံးဆောင်နိုင်ရန် စီစဉ်ထားပါတယ်။ အပတ်စဉ် MENU ပြောင်းနေမှာ ဖြစ်ပါတယ်။ အစားအသောက်ကောင်း စားလိုသူများ ကြိုတင်ဖုန်းဆက် မှာကြားနိုင်ပါတယ် ခင်ဗျာ။

ချစ်ခင်လေးစားစွာ
ကိုရွှေမိုး (နမ်ဘူနယ်စားကြီး)
တို့ ပိုင်တဲ့မြေ စားသောက်ဆိုင်နှင့် မီနီစတိုး ၀၇၀ ၄၁၁၁ ၇၀၁၉

No comments: