ရန်ကုန် ၊ ဒီဇင်္ဘာ ၇ ။
ဝန်ကြီးဌာနငါးခုမှတစ်ဆင့် ပြည်ပရောက်မြန်မာအလုပ်သမားနှင့်ကုမ္ပဏီများ ကားသွင်းခွင့်စနစ်အရ ကားသွင်းခွင့်များ ပေးနေသော်လည်း ပြည်ပရောက်မြန်မာအလုပ်သမားများ ၊ ကားသွင်းခွင့်မရသေးခြင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနမှ စာရင်းပေးပို့ခြင်းမရှိ၍ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''ကျွန်တော်တို့ စီးပွား/ကူးသန်းကတော့ ဝန်ကြီးဌာနတွေက တင်ပြတဲ့စာရင်းကို ကြီးကြပ်ရေးကော်မတီဆီတင်ပြပြီး ကော်မတီကခွင့်ပြုတာနဲ့ ပါမစ်ထုတ်ပေးမှာပါ'' ဟု ၄င်းကဆိုသည်။
လတ်တလောတွင် စီးပွား/ကူးသန်းဝန်ကြီးဌာနက တာဝန်ယူစာရင်းပြုစုပေးရသော ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များကို ကားသွင်းခွင့်ပါမစ်များ စတင်ချထားပေးနေပြီး ၊ ဒေါ်လာ တစ်သိန်းတင်ပို့ထားသော ပို့ကုန်လုပ်ငန်းရှင်များကို ကားသွင်းခွင့်များ စတင်ချထားပေးနေကြောင်း၊ သွင်းကုန်လုပ်ငန်းများကိုမူ ဒေါ်လာငါးသိန်းသွင်းထားသည့် သွင်းကုန်လုပ်ငန်းရှင်များကို ပါမစ်ချပေးမည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ပရောက်မြန်မာအလုပ်သမားများ၏ ကားသွင်းခွင့်အတွက် တာဝန်ယူလုပ်ဆောင်ပေးရမည့် နိုင်ငံခြားရေးဝန်ကြီးဌာနထံ ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်နိုင်အစည်းအဝေးသွားနေပါကြောင်း ဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများမှာ ကားသွင်းခွင့်ကိစ္စ စိတ်ဝင်စားသော်လည်း မည်သို့တင်သွင်းခွင့်ရမည်ကို ယခုအချိန်အထိ မသိရှိရသေးကြောင်း စင်ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးကဆိုသည် ။
Ref:
- The Voive Weekly (7-52)
Saturday, December 10, 2011
ပြည်ပရောက်မြန်မာလုပ်သားများ ကားသွင်းခွင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စာရင်းမရသေးဟုဆို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment