Friday, March 9, 2012

မြန်မာစင်တာတွင် TOPIK ကိုရီးယားဘာသာသင်တန်းများ ဖွင့်မည်

Myanmar Center Training Program (2/2012)
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တစ်ဖက်တစ်လမ်းမှ အကျိုးစီးပွါးဖြစ်ထွန်းနိုင်စေရန် ရည်ရွယ်လျက် ၊ မြန်မာစင်တာတွင် ကိုရီးယားဘာသာသင်တန်းများ ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြာင်း ကြေညာအပ်ပါသည် -
သင်တန်းအစီအစဉ် -
သင်တန်းကာလ ။ 18-3-2012~21-9-2012 (6 Months)
သင်တန်းအချိန် ။ 14:00 to 17:00 (Every Sunday)
သင်တန်းနေရာ ။ Myanmar Center [Click Here]
သင်ကြားမည့်ဘာသာရပ်များ -
Class (1): TOPIK (Level-1/2) (Elementary Course)
Class (2): TOPIK (Level-3/4) (Intermediate Course)
Class (3): TOPIK (Level-5/6) (Advanced Course)
စာရင်းပေးသွင်းရန်-
ယာယီသင်တန်းတာဝန်ခံများ (010-4187-5218 နှင့် 010-2331-2457) တို့ထံ ၊ ၁၁-၃ -၂၀၁၂ နေ့လည် ၂ နာရီ နောက်ဆုံးထား မေးမြန်း/စုံစမ်း စာရင်းပေးသွင်းကြပါရန် ။
မှတ်ချက်များ ။
- နေရာအနေအထားအရ ၊ သင်တန်းသား အများဆုံး စုစုပေါင်း 30 ဦးသာ လက်ခံပါမည် ။
- သင်တန်းသားလောင်းများကို သင်တန်းဝင် အရည်အချင်းဆန်းစစ်ပြီးမှ လက်ခံပါမည် ။
- သင်တန်းဝင်ဆန်းစစ်ချက်အရ အတန်းခွဲခြားသင်ကြားပေးပါမည် ။
- ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် မှ ကိုရီးယားဘာသာ နည်းပြဆရာမ(ဟောင်း) ဆရာမများနှင့် အဖွဲ့က တာဝန်ခံ သင်ကြားပေးပါမည် ။
- သင်တန်းသားလောင်းများ တိုးပစ် (TOPIK) စာမေးပွဲသင်ရိုးအတိုင်း (Vocabulary, Grammar, Writing, Listening, Reading) စသည်များအပြင် Speaking အရည်အချင်းပါ ပြည့်စုံစေစေရန် စီမံထားပါသည် ။
- စိတ်ပါဝင်စားသူများ လာမည့် မတ်လ-၁၁ ရက်နေ့ (တနင်္ဂနွေ) နေ့လည် ၂ နာရီ မြန်မာစင်တာ သို့ ကြွရောက်ပြီး ၊ သင်တန်းဝင် အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုကြပါမည် ။


မြန်မာစင်တာကော်မတီ
၂၀၁၂ခုနှစ် မတ်လ ၉ ရက်
အင်ချောန်းမြို့တော် ၊ ဘူဖြောင်းမြို့

4 comments:

9-9 said...

မင်္ဂလာပါ ကျွန်တော်က ရန်ကုန်ကပါ။ အဲဒီမှာ သင်ကြားမဲ့ ၊ ဒါမှမဟုတ် ရန်ကုန်က ကိုးရီးယါး သံရုံးမှာ ဖြေရတဲ့ စာမေးပွဲ အတွက် TOPIK စာအုပ် များကို လေ့လာချင်ပါတယ်၊ ဒေါင်းလော့ခ် လုပ်လို့ ရနိုင်တဲ့ ဆိုဒ် ကလေးများ ရှိရင် ညွန်ပြပေးစေ လိုပါတယ်၊ ကျေးဇူး တင်ပါတယ် ချင်ဗျား ။

thetkyawoo said...

ကျွှန်တော်က TOPIK စာမေးပွဲ ကို level 1 ၇ ထား တယ် ပြီးတော့ level 2 ကို ထပ်တက်ချင် တယ် ဘယ်လိုစာအုပ်ကို လေ့လား၇မလဲ၊ ၇န်ကုန်မြို့မှာရော ၀ယ်လို့၇လား

Kmarket said...

ကျွန်တော်က Gyeongsan nando ကပါ ကျွန်တော်နှင့်ကျွန်တော့်သူငယ်ချင်းများ TOPIK သင်တန်းကိုတက်ရောက်ချင်ပါတယ်ဘယ်လိုလာရမလဲ တဆိတ်လောက်ကျေးဇူးပြုပြီးလမ်းညျွန်ပေးစေချင်ပါတယ်။

Kmarket said...

ကျွန်တော်နှင့်သူငယ်ချင်းများ TOPIK သင်တန်းကိုတက်ရောက်ချင်ပါတယ် Gyeongsannando မှာနေတာပါ ဘယ်လိုလာရမလဲတဆိတ်လောက်ကျေးဇူးပြုပြီးလမ်းညျွန်ပေးစေချင်ပါတယ်