ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
ပထမအကြိမ် ကွင်းဖွင့်ဖလား ဘောလုံးပြိုင်ပွဲ
များမကြာမှီ ကျရောက်လာတော့မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယနှင့် အတူ တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသား ညီအစ်ကိုများ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းစွာဖြင့် လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့နိုင်ကြပါစေလို့ မြန်မာအသင်း(ကိုရီးယား)အလုပ်အမှုဆောင်အဖွဲ့မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။
မြန်မာအသင်း(ကိုရီးယား) အားကစားရေးရာဌာန၏ ကြိုးစားမှုဖြင့် နှစ်စဉ် မြန်မာအသင်း(ကိုရီးယား)ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအား ကျင်းပနိုင်ခဲ့ပြီး ယခုတဖန် အားကစားရေးရာဌာန၏ ကြိုးပမ်းမှု ခြေလှမ်းသစ်အဖြစ် ပထမအကြိမ် မြန်မာအသင်းဥက္ကဌ ကွင်းဖွင့်ဖလား ဘောလုံးပြိုင်ပွဲအား မေလ ၁၃ ရက်နေ့တွင် ကျင်းပယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း ဘောလုံးအသင်းများ၊ ဘောလုံးအားကစားသမားများ၊ ပရိသတ်များအား အသိပေးကြေငြာအပ်ပါသည်။
ပြိုင်ပွဲ ကျင်းပခြင်းနှင့် ပါတ်သတ်ပြီး အစည်းအဝေးကျင်းပမည် ဖြစ်ပါသဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည့် နေရာဒေသအသီးသီးမှ ဘောလုံး အသင်းများ၏ တာဝန်ရှိသူများ မြန်မာအသင်း(ကိုရီးယား)ရုံးခန်း (ဘူချွန်းမြို့)သို့ ဧပြီလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီတွင် မပျက်မကွက် လာရောက်ပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။

မြန်မာအသင်း(ကိုရီးယား)
အလုပ်အမှုဆောင်အဖွဲ့
အလုပ်အမှုဆောင်အဖွဲ့
No comments:
Post a Comment