Friday, June 1, 2012

အားကစားရေးရာ

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)


အင်ချွန်းနိုင်ငံခြားသား အလုပ်သမားစင်တာမှ ကြီးမှူးကျင်းပသော နိုင်ငံခြားသားအလုပ်သမား နိုင်ငံပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ၃၊ ၆၊ ၂၀၁၂ (တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင်အသင်း(ကိုရီးယား)မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါသဖြင့် ဘောလုံးဝါသနာရှင် ညီအကိုအပေါင်းတို့ လာရောက်ကြည့်ရှုအားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

남동공단 근린공원
인천  남동구 고장동 445 번지

ဘူဖြောင်းဘူတာရှေ့ ကားမှတ်တိုင်မှ ၃၄၊ ၁၀၃ ဘတ်စ်ကားများ စီးပါက 남동공단 근린공원 မှတ်တိုင်တွင် ဆင်းပါ။
အင်ချွန်းတာမီနယ်ဘူတာမှနေ တက်စီကားဖြင့်လည်း လာရောက်နိုင်ပါသည်။

(မြန်မာလက်ရွေးစင်အသင်းမှ ကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရာသို့ နံနက် ၈ နာရီအရောက် လာရောက်စုဝေးပေးကြပါရန် ပန်ကြားအပ်ပါသည်။)

ဆက်သွယ်ရန်

ဦးသန့်စင်အောင်  ၀၁၀ ၉ ၀၅၄ ၄၇၂၇
ဦးခင်မောင်ဝင်း  ၀၁၀ ၉ ၉ ၃၈ ၆၉ ၅၃
ဦးဝင်းအောင်ကျော်  ၀၁၀ ၂၅၀၇ ၉ ၂၉ ၁

No comments: