Sunday, September 23, 2012

လှိုင်သာယာမြို့နယ်အသင်း(ကိုရီးယား) ဖွဲ့စည်းမည်

ကိုရီးယားနိုင်ငံ လူထုအသင်းအဖွဲ့တစ်ခုက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (စီးပွါး-လူမှု-ပညာ-ကျန်းမာ) တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများ အတူတကွပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် ကိုရီးယားနိုင်ငံရောက် လှိုင်သာယာမြို့သားများအား လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအစီအစဉ်များ(ယာဉ်မောင်း စက်ပြင် စသည့် သက်မွေးသင်တန်းများ) ပူးပေါင်း လေ့ကျင့် ဆောင်ရွက်ပေးလိုကြောင်း ဆန္ဒပြု ဖိတ်ခေါ် လာပါသည် ။
အဆိုပါဖိတ်ခေါ်ချက်အား စနစ်တကျတု့န်ပြန်နိုင်ရန် နှင့် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အလို့ငှာ ကိုရီးယားနိုင်ငံရောက် လှိုင်သာယာမြို့သားများနှင့် လှိုင်သာယာမြို့နယ်အရေး စိတ်ပါဝင်စားသူများစုစည်းလျက် လှိုင်သာယာမြို့နယ်အသင်း (ကိုရီးယား)ကို အောက်ပါအစီအစဉ် အတိုင်း ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့်၊ စိတ်ပါဝင်စားသူများအား လေးစားစွာ တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်-

ရက်စွဲ-
၂၀၁၂ခုနှစ် ၊ စက်တင်္ဘာလ ၂၉ ရက် (စနေ)(ချူးဆောက်ပိတ်ရက်)

အချိန်-
နေ့လည် ၂ နာရီမှ ၄ နာရီ

နေရာ-
မြန်မာဆင်တာ (ကိုရီးယား)

ဆက်သွယ်ရန်-
၀၁၀-၂၃၃၁-၂၄၅၇



မှတ်ချက် ။
လှိုင်သာယာမြို့နယ် (ကိုရီးယား) ဖြစ်မြောက်ရေး စိတ်ပါဝင်စားသူများ ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည် ။

No comments: