Friday, October 12, 2012

ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် ၂ နှင့် ၃ ဖွင့်ပါပြီ

ဘူဖျောင်းမြို့ မြန်မာစင်တာမှာ ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၂) နှင့် (၃) ကို အောက်ပါ အချိန်ဇယားများ အတိုင်း ဖွင့်လှစ်ပါမည်။ တက်ရောက်လိုသူများ မြန်မာစင်တာတွင် ကိုယ်တိုင်လာရောက် စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါသည်။

လူဦးရေ အကန့်အသတ်ရှိသဖြင့် အရင်စာရင်းပေးသူ ဦးစားပေးပါမည်။ သင်တန်းတခုတွင် ကိုယ်ပိုင်ကွန်ပျူတာ မယူလာနိုင်သူ ၄ ဦး၊ ကိုယ်ပိုင်ကွန်ပျူတာ ယူလာနိုင်သူ ၄ ဦး၊ စုစုပေါင်း ၈ ဦးသာ လက်ခံပါမည်။

အမှတ်စဉ် (၂)

သင်တန်းချိန် = မွန်းလွဲ ၂ နာရီမှ ၄ နာရီ
တနင်္ဂနွေနေ့တိုင်း (လစဉ် တတိယပတ် တစ်ရက် ပိတ်မည်)
သင်တန်းရက်များ = 10.14, 10.28, 11.4, 11.11, 11.25, 12.2, 12.9, 12.23, 12.30

အမှတ်စဉ် (၃)

သင်တန်းချိန် = ညနေ ၄ နာရီမှ ၆ နာရီ
တနင်္ဂနွေနေ့တိုင်း (လစဉ် ပထမပတ် တစ်ရက် ပိတ်မည်)
သင်တန်းရက်များ = 10.14, 10.21, 10.28, 11.11, 11.18, 11.25, 12.9, 12.16, 12.23, 12.30

သင်ကြားမည့် ဘာသာရပ်များမှာ -

- ကွန်ပျူတာ မိတ်ဆက် (Computer Introducing)
- ၀င်းဒိုး အလုပ်လုပ်ပုံ (Windows Application)
- ပရိုဂရမ်များနှင့် အလုပ်လုပ်ပုံ (Working Programs / Microsoft Office)
- အင်တာနက် အသုံးပြုပုံ (Internet Using)

သင်တန်းတက်လိုသူများ လာမည့် အောက်တိုဘာ ၁၄ ရက်နေ့တွင်  မြန်မာစင်တာ သို့ စောစောလာရောက် စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါကြောင်း။

No comments: