ဝါလကင်းလွတ် သီတင်းကျွတ်ချိန် မီးထိန်ထိန်ဖြင့် ဒို့အိမ် ဒို့ရွာ ဘာသာဓလေ့ မမေ့စကောင်း တရွာပြောင်းလည်း ထုံးဟောင်းစဉ်လာ ထိန်းသိမ်းပါမှ မွန်မြတ်လှ၏- ဟူသော ဆိုရိုးနှင့်အညီ ကိုရီးယားနိုင်ငံ ဘူဖျောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် အမျိုး ဘာသာ အစဉ်လာကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသော - ကိုကျော်နိုင် ၊ ကိုရန်နိုင်ဗိုလ် ၊ ကိုဇာနည်နှင့် ရွှေညီအကိုများက ဖော်ပြပါ အစီစဉ်အတိုင်း သီတင်းကျွတ်ပွဲတော်အကြို မြတ်သောအလှူကို အနန္တငါးပါး ဦးထိပ်ထားကာ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ရွှေမြန်မာအားလုံး ကြွရောက်ချီးမြှောက်ကြပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျား ။
အစီအစဉ်
နေ့ရက်- ၂၁ ၊ ၁၀ ၊ ၂၀၁၂ ။( တနင်္ဂနွေနေ့ )
နေရာ - ဘူဖျောင်း မြန်မာဗူဒ္ဓသာသနာပြုကျောင်းတော်
ဧည့်ခံကျွေးမွေး အလှူပေး
နံနက် - မုန့်ဟင်းခါး
နေ့လည် - ကြက်သား ဘူးသီး ( ကာလသားချက် ) ၊ ငါးခြောက်ကြော် ၊ ငါးပိရည်- တို့စရာ ။
( အခြေနေပေးပါက - ပုဂံ ညောင်ဦး ပုန်ရည်ကြီးနှင့် ၀က်သားပါ ပါဝင်ဖွယ်ရှိပါသည်။ )
= မြန်မာပိုင်ကျောင်းတော်ကြီးဖြစ်မြောက်ရေး မြေနေရာအတွက်လည်း အလှူရှင်များက လှူဒါန်းကြမည်ဖြစ်ပါ၍ နေ့လည် ၁း ၃၀ ရေစက်ချတရားနာ အတူတကွ သာဓုခေါ်နိုင်ရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျား ။

No comments:
Post a Comment