ရေးသားသူ — ကိုရန်နိုင်ထွန်း(ပြန်ကြားရေး)
ရန်ကုန်တိုင်း မှော်ဘီမြို့ နယ် မင်္ဂလာတိုက် မိုးကုတ် ၀ိပဿနာ မင်္ဂလာရိပ်သာ
ဗုဒ္ဓ သာသနာ့ အကျိုးတော်ဆောင်လုပ်ငန်း သုမင်္ဂလ ဖောင်ဒေးရှင်း၏ ဦးစီးပဓာန နာယက ဆရာတော်
ဖြစ်တော်မူသော ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ဘုရားကြီးသည် တောင်ကိုရီးယား
နိုင်ငံသို့ ရောက်ရှိစဉ် အချိန် ကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် ဖူဆန်မြို့ ပြည်တော်ဦး ဘုန်းတော်ကြီးကျောင်း
အမှတ်(၂)တွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ၂၀၁၂ခုနှစ်၊
အောက်တိုဘာလ(၇)ရက် တနင်္ဂနွေနေ့ မွန်းတည့် (၁၂) နာရီ(၃၀) မိနစ် အချိန်တွင် စတင်ဟောကြားတော်မှုခဲ့ပြီး
ဖူဆန်မြို့ရှိ တရားပွဲလာ သူတော်စဉ် အပေါင်းမှ ဆရာတော်အား န၀ကမ္မ လှူဒါန်းငွေစုစုပေါင်း၊
ကိုရီးယားဝမ်ငွေ(၆၀၂၀၀၀၀)၊ သိန်းပေါင်းခြောက်ဆယ်နှင့်နှစ်သောင်း တိတိကို ဆက်ကပ် လှူဒါန်းခဲ့ပြီး ဆရာတော်မှ ပြည်တော်ဦးကျောင်း၊ ကျောင်းဝေယျာဝစ္စလူငယ်အဖွဲ့ နှင့် တရားပွဲကျင်းပရေးလူငယ်အဖွဲ့  အသုံးပြုနိုင်ရန်အတွက် အသုံးစရိတ် ကိုရီးယားဝမ်(၅)သိန်းကို
ပြန်လည်၍ လှူဒါန်းတော်မှုခဲ့ပါသည်၊
ထို့နောက် ဒယ်ဂူးဆရာတော်ဦးဝိစိတ္တ အရှင်သူမြတ်နှင့်တကွ ဒယ်ဂူးမြို့
နေ ဗုဒ္ဓဘာသာဝင်
မြန်မာသူတော်စဉ် အပေါင်းတို့ ၏ ဖိတ်ကြား
တောင်းပန်လျှောက်ထားချက်အရ ၂၀၁၂ခုနှစ် ၊အောက်တိုဘာလ(၈)ရက် နေ့ လည်ပိုင်းမှာ ဒယ်ဂူးမြို့ သို့  ကြွချီတော်မူပြီးနောက်၊ ဒယ်ဂူးမြို့ နှင့်အနီး ပတ်ဝန်းကျင်သို့  ဒေသန္တရဗဟုသုတခရီး ကြွချီတော်မူပြီး၊ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး တည်းခိုပါသည်။ ယနေ့ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ(၉)ရက် ညနေ(၆)နာရီအချိန်တွင်၊ ဘူဖျောင်းမြို့  မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်သို့  ပြန်လည်ကြွချီ တော်မူမည်ဖြစ်ပါသည်။
No comments:
Post a Comment