Saturday, December 29, 2012

ထေရ၀ါဒ မြန်မာဘုန်းတော်ကြီး တစ်ပါးအတွက် ကြုံတောင့်ကြုံခဲ ဇီဝိတဒါန ကျောက်ကပ် အလှူတော်

ဒီဇင်္ဘာလ ၂၉ ၊ အင်ချောန်းမြို့တော်

ထီးချိုင့်မြို့ ကြက်တကောင်းကျေးရွာ ကြက်တကောင်း ကျောင်းထိုင်ဆရာတော်ကြီး အရှင် ဇာဂရသည် ကျောက်ကပ်အတွင်းရှိ ကျောက်များကို ခွဲထုတ် ကုသမှုခံယူရန် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ဂျောန်ဂျူ ကက်သရစ် ဆေးရုံကြီးတွင်ခွဲစိတ်ရာ အောင်မြင်မှုမရရှိဘဲ အာဆန် ဆေးရုံကြီးသို့ လွှဲပြောင်းပေးလိုက်ပါသည်။

ဆိုးလ်မြို့ အာဆန် ဆေးရုံကြီးက ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီး မစ္စတာ ဘက်မှာ မအားလပ်သည့် ကြားက ဆရာတော်အား ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အချိန်ပေးပြီး ခွဲစိတ်ကုသပေးခဲ့ပါသည်။ ဘယ်ဘက် ကျောက်ကပ်တွင် အဓိကပိတ်ဆို့နေသော ကျောက်ခဲတုံးများကို ခွဲစိတ်ပြီးသွားခဲ့ပါသည်။ သို့ရာတွင် ၊ ညာဘက်နှင့် ဘယ်ဘက်ကျောက်ကပ်တို့မှာ ကျောက်များကျန်ရှိနေသေးသဖြင့် ၂၀၁၃ ခုနှစ်ဇန်န၀ါရီ ၂ ရက်လောက်တွင် ထပ်မံ ခွဲစိတ်ရဦးမည်ဖြစ်ပါသည်။

ခွဲစိတ်မှုစရိတ်မှာ ၊ ဆရာတော်က မူလမျှော်မှန်းထားသည်ထက် အလွန်ကုန်ကျနေပြီး ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမတို့ လှူဒါန်းလိုက်သော ၀တ္ထုငွေများမှာ လုံလောက်မှု မရှိတော့ကြောင်း သိရှိရပါသည် ။

သို့ပါ၍ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှများအနေဖြင့် ၊ ဘုန်းတော်ကြီး အရှင်ဇာဂရ အတွက် ကြုံတောင့်ကြုံခဲ ဇီဝိတဒါနအလှူတော်ကို မိမိတို့ တတ်စွမ်းသမျှ စုပေါင်း ပါဝင်ကူညီလှူဒါန်းခြင်းဖြင့် ကုသိုလ်တော်ယူနိုင်ကြပါကြောင်း လေးစားစွာ အသိပေး နိုးဆော်အပ်ပါသည်။

ပထမ ခွဲစိတ်ကုသစရိတ် = သိန်း ၅၀ ကျော်
ဒုတိယ ခွဲစိတ်မှု စရိတ် = သိန်း ၁၀၀ ကျော်
တတိယ ခွဲစိတ်မှု စရိတ် = သိန်း ၈၀ ကျော် (ခန့်မှန်း)

အောက်ပါ ပုဂ္ဂိုလ်များထံမှ တစ်ဆင့် လှူဒါန်းနိုင်ကြပါသည်-
ဦးသူရ 010-4187-5218
ဦးဇေမင်းအောင် 010-8903-6693
ဦးမောင်မောင်ဝိုင်း (teletalki) 010-2331-2457
ဦးအောင်ကိုမြင့် 010-6691-1975

အောက်ပါဘဏ်စာရင်းသို့လည်း တိုက်ရိုက်လှူဒါန်းနိုင်ပါသည်-
ဘဏ်စာရင်း
210701 - 04 - 250957
ZAWMOEAUNG
KOOKMIN BANK

(အလှူရှင်များ စာရင်း ဟန်းဂုရွာမှတစ်ဆင့် ၊ ဆက်လက်ထုတ်ပြန်ကြေညာသွားပါမည် )

No comments: