Thursday, March 7, 2013

ကိုရီးယားနှင့် မြန်မာ လှူဒါန်းမှုသတင်း

 
၂၀၁၃ ခုနှစ် မတ် ၇ ရက်က ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ ကျောင်းသို့ ကိုရီးယား အခွန်ဦးစီးဌာနက လစဉ် တစ်သောင်း ၀မ် စုဆောင်းငွေ ဒေါ်လာ ရှစ်သောင်းကို ကိုရီးယား အခွန်ဦးစီးဌာန ညွှန်ချုပ် မစ္စတာ ဂျောန်ဂုဂျောန်က ကျောင်းအုပ်ဆရာမ ဒေါ်ဌေးအား ပေးအပ်ပါသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုရီးယား သံအမတ် မစ္စတာ ကင်းမ်ဟဲယုန်း၊ ပညာရေးမှူး ဦးခင်အောင်မင်းနှင့် ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား ကျောင်းသူများ တစ်ထောာင်ကျော် တက်ရောက်ကျောင်းကို ကိုရီးယား ယောန်နာဘ် သတင်းအရ သိရှိရပါသည်။  
၂၀၁၃ ခုနှစ် မတ် ၅ ရက် အင်္ဂါနေ့ မြန်မာ့ Long Luck ဥက္ကဌ ဒေါ်ဥမ္မာလွင်က ကိုရီးယားနိုင်ငံ ဆောန်နာမ် အနုပညာ စင်တာသို့ မြန်မာ့ စောင်းကို လက်ဆောင် ပေးအပ်ကြောင်းနှင့် လက်ခံရရှိသူ ဆောန်နာမ် အနုပညာ စင်တာ ဥက္ကဌ မစ္စစ် ရှင်းဆောန်ဟီက ကိုရီးယားနိုင်ငံမှာ ပထမဦးဆုံး ဂီတ တူရီယာ ပြတိုက်ကို ဖွင့်လှစ်ရန်အတွက် မြန်မာ့ရိုးရာ စောင်းကို လာရောက် လှူဒါန်းတဲ့အတွက် အလွန် ၀မ်းသာ ပီတိဖြစ်မိကြောင်းကို ပြောကြားပါတယ်။ ဒေါ်ဥမ္မာလွင်ကလည်း ယခုလို မြန်မာ့ ရိုးရာ စောင်းကို လာရောက် ပေးအပ်ခွင့် ရရှိတဲ့အတွက်လည် အလွန် ၀မ်းသာမိပါကြောင်း ဘု(န်)ဒါန် သတင်းဌာကို ပြောပြကြောင်း သိရပါသည်။

No comments: