Wednesday, April 17, 2013

ပိတောက်ရိပ် ကဖေး၏ နှစ်သစ် မင်္ဂလာ ဆွမ်း

၂၀၁၃ ခုနှစ် ဧပြီ ၁၇ ရက် ဗုဒ္ဓဟူးနေ့  နံနက် ၇ နာရီအချိန် ဘူဖြောန်း ပိတောက်ရိပ် ကဖေး မိသားစုက မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) က ဦးသုမင်္ဂလ (ဝေါဆရာတော်)၊ ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) က ဦးကိတ္တိသာရ၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒဲဂု)က ဦးဝေဠုရိယတို့အား နှစ်သစ် မင်္ဂလာ ဆွမ်းကပ် လှူဒါန်းကြရာ ပင့်သံဃာတော်များက မင်္ဂသုတ် ပရိတ်တရားတော် ရွတ်ပွားတော်မှုကြပြီး ကိုရီးယားနိုင်ငံရောက် မြန်မာပြည်သူပြည် သား၊ကိုရီးယားနိုင်ငံသူ နိုင်ငံသား၊ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ဆုမွန်ကောင်း တောင်း၍ ရေစက်ချ အမျှပေးဝေခဲ့ပါသည်။
  

No comments: