Tuesday, April 16, 2013

ဘူဆန် မြန်မာသင်္ကြန်ပွဲတော်တွင် ကိုရီးယားကျောင်းသူများမှ မြန်မာ့ရိုးရာဝတ်စုံဝတ်ပြီး သင်္ကြန်အကဖြင့် ဖျော်ဖြေခဲ့


ကိုရီးယားနိုင်ငံ ဘူဆန်တွင် မြန်မာရိုးရာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီက Home Plus ရှေ့တွင် စည်းကားသိုက်မြိုကိစွာ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဘူဆန် ဂမ်ဟဲ အနီအနားရှိ ရွှေမြန်မာ ညီအစ်ကိုများ (၂၀၀)ခန့်  သင်္ကြန်ပွဲတော်ကို  လာရောက်ဆင်နွဲခဲ့ကြပါသည်။

ပွဲတော်တွင် မြန်မာ့ရိုးရာပြခန်း  ကြာဇံကြော် ဝက်သားဒုတ်ထိုး သာကူ ကျောက်ကျော လက်ဘက်ရည် ကိုရီယားရိုးရာမုန် ထောက်ခ် မုန့် များကို လာရောက်ကြသော ပရိသတ်များကို ကျွေးမွေးခဲ့ကြပါသည်။ ကိုရီးယားလူမျိုးများမှလည်း မြိန်ရေချက်ရေ အားပေးခဲ့ကြပါသည်။

ဘူဆန်မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဖွင့်ပွဲတွင်  သင်္ကြန်မိုးလေးရွာသွန်းခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲကို ကိုရီးယားနိုင်ငံခြားဘာသာ တက္ကသိုလ် မြန်မာစာဘာသာ သင်ကြားနေသူ နှစ်ဦးမှ သင်္ကြန်အကြောင်း မြန်မာလို ဖတ်ကြားပြီး ဆရာလှမင်းထွန်မှ ကိုရီးယားလို ဘာသာပြန်ပြပါသည်။

သင်္ကြန်အဖွင့်သီချင်းကို မြန်မာဘာသာ သင်ကြားနေသော ကိုရီးယားကျောင်းသူများမှ မြန်မာ့ရိုးရားဝတ်စုံများဝတ်ဆင်ပြီး နှစ်သစ်ချစ်ဦး သီချင်းဖြင့် ဖျော်ဖြေခဲ့ပါသည်။ ပရိတ်သတ်များ အထူးနှစ်သက်အားပေးခဲ့ကြပါသည်။

ဒုတိယပိုင်းအစီအစဉ်မစတင်မှီ စာကြည့်တိုက် ရန်ပုံငွေလက်မှတ်များကို ပထမဆု Digital Camera , ဒုတိယဆုကို MP4 , တတိယဆုကို Memory Stick များ ကံစမ်းမဲ ဖောက်ပေးခဲ့ပါသည်။

ထိုနောက် မြန်မာသီချင်းများဖြင့် AN ERA တီးဝိုင်းဖြင့် ဧည့်ခံခဲ့ပါသည်။ အခမ်းအနားကို ညနေ ၅ နာရီခွဲ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။

No comments: