Sunday, June 23, 2013

ကန့်ကော် ပညာရေး ဖောင်ဒေးရှင်က ကိုဇော်မင်းဌေးဆေးကုသစရိတ် ကူညီ

၂၀၁၃ ခုနှစ် ဇွန် ၂၃ ခုနှစ် တနင်္ဂနွေနေ့ နံနက်ပိုင်းက ကန့်ကော် ပညာရေး ဖောင်ဒေးရှင်းက ကိုဇော်မင်းဌေး ဆေးကုသစရိတ်အတွက် ၁၊ ၄၃၀၊ ၀၀၀ (၀မ်)ကို ဦးဇာဂရ ( ကြက်တကောင်း)၊ ဦးပါလိတ ( ကလေးမြို့ )နှင့် ဦးနေမိန္ဒ ( ရွှေပေါက်ကံ )တို့အား အမှူးထားပြီး ဆေးကုသစရိတ်ကို ပေးအပ်ခဲ့ပါသည်။ ကိုဇော်မင်းဌေး၏ ဆေးကုသစရိတ် စုစုပေါင်း ၅၊ ၇၀၀၊ ၀၀၀ကို ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ
၏ ကူညီမှု၊ ဆောန်မို ဆေးရုံးကြီး၏ ပံ့ပိုးကူညီမှု၊ အင်ချောန် ရွှေ့ပြောင်းနေထိုင်သူများ စင်တာတို့၏ ကူညီပေးမှုတို့ကြောင့် အခက်အခဲ မရှိ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။ ကူညီကြသူများ အားလုံး အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်း မှတ်တမ်းတင်အပ်ပါသည်။


No comments: