Wednesday, August 7, 2013

နီပေါမှာ ဆန္ဒပြပြီ

ရေးသားသူ — စိုးမိုးသူ

 
 

ကိုရီးယားကို EPSနဲ့ အလုပ်သွားလုပ်ဖို့အတွက် ၂၀၁၁ခုနှစ်က ကိုရီးယားဘာသာ စာမေးပွဲအောင်ထားပြီး သူ နီပေါနိုင်ငံသား၆၅၀၀ရဲ့ ဆန္ဒပြပွဲပါ။
သူတို့က ခုထိ callingမကျသေးပါဘူး။
 ဒါပေမယ့် နီပေါအစိုးရကတော့ ကိုရီးယားဘာသာစာမေးပွဲဖြေဆိုပွဲတွေကို ဆက်လက် ကျင်းပပေးနေ ပါတယ်။

ဒါကြောင့် ယခုနှစ်ကျင်းပမယ့် ကိုရီးယားဘာသာစာမေးပွဲကို မကျင်းပဖို့ ၊ အရင်အောင်ပြီးသားသူတွေကို ကိုရီးယားကို အရင် စေလွှတ်ပေးဖို့ကို ကိုရီးယားအစိုးရနဲ့ ညှိနှိုင်းပေးပါလို့ နီပေါအစိုးရထံ ဆန္ဒပြတောင်း ဆိုနေကြပါတယ်။

မြန်မာပြည်မှာလည်း အလားတူ ဖြစ်ရပ်တွေ ရှိနေတယ်လို့ ကြားသိရပေမယ့် အခုလို အများဆိုင်ပြသနာ လို့မြင်ပြီး ဘ၀တူတွေ စုစည်း လှုပ်ရှားတာကတော့ မတွေ့ရသေးပါဘူး။

No comments: